
လူသားတွေအတွက် နောက်ထပ်မျှောလင့်ချက်တခု တိုးလာပါပြီ။ ကမ္ဘာကြီးရဲ့ ဖြတ်သန်းမှုသမိုင်းတလျောက်လုံးဘေးအန္တရာယ်ဆိုးတွေ အကြိမ်ကြိမ် ကြုံခဲ့ရပေမယ့် နောက်ဆူံး လူသားတွေပဲ အနိုင်ရခဲ့တယ် မဟုတ်လား တက္ကဆက်ပြည်နယ်မှ လူငယ်ကျောင်းသူတစ်ဦးက
ကိုဗစ်နိုင်တင်းရောဂါကို ကုသနိုင်ဖို့ အလားအလာရှိတဲ့ စမ်းသပ်တွေ့ရှိမှုတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ဆုငွေ ဒေါ်လာ ၂၅၀၀၀ ရရှိခဲ့ပါတယ်။ အသက် ၁၄ နှစ်သာရှိသေးတဲ့ Frisco မြို့အထက်တန်းကျောင်းသူ Anika Chebrolu ဆိုသူက 3M Young Scientist Challenge
ပြိုင်ပွဲမှာ ကိုဗစ်နိုင်တင်းဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ ပရိုတိန်းကို ချည်နှောင်ထိန်းချုပ်ထားနိုင်တဲ့ မော်လီကျူးတစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ပြီး ဗိုင်းရပ်စ်ကို ဆက်လက်ပြီး အလုပ်မလုပ်နိုင်ဘဲ ရပ်တန့်သွားအောင် ကြိုးပမ်းနိုင်ခဲ့မှုကြောင့် ပြိုင်ပွဲမှာ အနိုင်ရရှိသွားတာဖြစ်ပြီး နိုင်ငံရဲ့ထိပ်တန်း လူငယ်သိပ္ပံပညာရှင်တစ်ဦး အဖြစ် ချီးမွှမ်းနေကြပါတယ်။ သာမာန်လူတစ်ယောက်အနေနဲ့ သူမရဲ့ကြိုးပမ်းခဲ့မှုက မယုံနိုင်စရာ အလွန်ကောင်းပါတယ်။ Anika Chebrolu က ဒြပ်ပေါင်းများ ၆၈၂ သန်းကျော် ဒေတာ အချက်အလက်များကို
ကွန်ပြူတာ ပရိုဂရမ် တချို့နှင့် အသုံးပြုခဲ့ပြီး မော်လီကျူးက ကိုရိုနာဗိုင်းရပ်စ်ကို ဘယ်လို နဲ့ ဘယ်နေရာမှာ ချည်နှောင်ထားနိုင်သလဲ ဆိုတာကို စူးစမ်းရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ Anika Chebrolu က ပြိုင်ပွဲကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အချိန်မှာ ၈ တန်းကိုတက်ရောက်နေသူဖြစ်ပြီး အစောပိုင်းတုန်းက သူမ လုပ်ချင်ခဲ့တဲ့ သိပ္ပံပရောဂျက်က ရာသီတုတ်ကွေးရောဂါကို တိုက်ခိုက်ဖို့ နည်းလမ်းများရှာဖွေဖို့ ဖြစ်ပြီး ကိုဗစ်နိုင်တင်းကြောင့် ဝေဒနာဒုက္ခခံစားရတဲ့လူနာရှင်များရဲ့ သတင်းတွေကို ကြားခဲ့ရပြီး နောက်ပိုင်းမှာ
ပရောဂျက်ဦးတည်ချက်ကို ပြောင်းလဲခဲ့တာလို့ ဆိုပါတယ်။ Anika Chebrolu က သူမအား သိပ္ပံပညာရပ်ကို စိတ်ဝင်စားလာအောင် တွန်းအားပေး ပံ့ပိုးပေးခဲ့တဲ့ အဖိုးဖြစ်သူ ဓာတုဗေဒပညာရှင် ပရောဖက်ဆာ ကိုလည်း အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပါတယ်။
Leave a Reply