အဖေယူထားတဲ့ နောက်မိန်းမကိုပါ ထောက်ပံ့နေတဲ့အပေါ် သူ့သဘောထားကို ပြောလာတဲ့ နွေးနွေးချစ်ဖွယ်ရဲ့ မိခင်

သရုပ်ဆောင်မြို့တော်ချစ်ဖွယ်ရဲ့သမီးဖြစ်သူ နွေးနွေးချစ်ဖွယ်ကတော့ အခုအချိန်မှာ အနုပညာလောကမှရပ်တည်ရင်း မိခင်ဖခင်ကိုရှာကြွေးနေသူတစ်ယောက်ပါ။
ဖခင်ဖြစ်သူက မိသားစုကိုထားခဲ့ပြီး နောက်အိမ်ထောင်ပြုသွားပေမယ့် နွေးနွေးချစ်ဖွယ်ကတော့ ဖခင်ဖြစ်သူနဲ့အတူအနုပညာအလုပ်တွေလုပ်ကိုင်ရင်း ဖခင်မိသားစုကိုပါရှာကျွေးနေတယ်လို့သိရပါတယ်။

အနုပညာအလုပ်တွေလုပ်ရင်း မိသားစုကိုရှာကျွေးနေတဲ့ သမီးဖြစ်သူရဲ့အချစ်ရေးကို မိခင်ဖြစ်သူကတော့ “အန်တီကတော့ သတ်မှတ်ထားတာမရှိပါဘူး အန်တီတောင်မှငယ်ရာကနေကြီးလာတာပဲလေ သူ့အပေါ်မှာ တကယ်ကြင်ကြင်နာနာနဲ့ချစ်မြတ်နိုးမယ်ဆိုရင် သူ့ရဲ့ကြင်ဖက်ကို သူရွေးမှာပဲလေ အန်တီလည်းအိမ်ထောင်ရေးကံမကောင်းခဲ့ဘူးလေ ကိုယ့်သမီးအလှည့်ဒီလိုမဖြစ်စေချင်တာတော့အမှန် အမေ့ကံနဲ့သမီးကံလည်း မတူနိုင်ဘူး သမီးရဲ့ဘုန်းကံဆိုတာရှိမှာပဲ လူဆိုတာက အဖော်ဆိုတာတော့ရှိသင့်တယ်” လို့ဆိုထားပါတယ်။

၄လသမီးအရွယ်ကတည်းက မိခင်နဲ့ဖခင်ကွဲကွာခဲ့ပြီးနောက် အခုလက်ရှိဖခင်ရဲ့နောက်မိန်းမကိုပါ ရှာကျွေးနေတယ်ဆိုတဲ့အပေါ် နွေးနွေးချစ်ဖွယ်က “နွေးထက်ကို မေမေ့ကိုပိုပြီးစိတ်ထားတတ်တယ်လို့ပြောကြတယ် အမေနားလည်ခွင့်လွှတ်ပေးလို့လေ မေမေက မေတ္တာတရားထားတာပေါ့နော်” လို့ဆိုခဲ့ပြီး မိခင်ဖြစ်သူကတော့ “လူ့ဘဝကြီးကိုရောက်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက်က မေတ္တာတရားအရေးအကြီးဆုံးပဲ မေတ္တာမရှိရင် အမုန်းတွေပဲပွားနေရမှာ နင့်ကို ငါမကြည့်ချင်ဘူး မမြင်ချင်ဘူးဆိုတဲ့ဒေါသတွေလည်း အခုတော့ငြိမ်းအေးသွားပြီလေ ဒီအချိန် ဒီလောက်ပဲကံပါတယ်သတ်မှတ်ထားရင် ဒီအတိုင်းပဲနေလိုက်မယ် ” လို့ဆိုပါတယ်။

သမီးဖြစ်သူက ခင်ပွန်းသည်ရဲ့နောက်မိသားစုကိုထောက်ပံ့နေတဲ့အပေါ် “အန်တီ့ဝဋ်ကြွေးရှိလို့ သူ့ကိုဆပ်ခဲ့ပြီးသွားပြီ အခု ကိုယ့်သမီးနဲ့ကိုယ် ဘဝကိုဖြတ်သန်းမယ် အန်တီလည်းအသက်ကြီးလာပြီလေ ကောင်းမှုကုသိုလ်တွေပဲလုပ်မယ် စိတ်ချမ်းသာအောင်နေမယ် ဘုရားတရားလုပ်မယ် ကိုယ့်သမီးလေးကိုပဲ အတတ်နိုင်ဆုံးစောင့်ရှောက်မယ် ဥပေက္ခာလည်းမပြုဘူး ပြောလည်းမပြောဘူး ကျေနပ်တယ် သမီးလေးအခုလိုဖြစ်တာလည်းကျေနပ်တယ် ဝမ်းလည်းဝမ်းသာတယ် ပီတိလည်းဖြစ်တယ် ”

“အန်တီအရင်တုန်းကတော့ဖြစ်တာပေါ့ သမီးရယ် ကိုယ့်ကိုမကြင်နာလို့ သံယောဇဉ်မရှိလို့ထားသွားတာ နင်ပေးပြန်ပြီလား ပြောပြန်ပြီလား လုပ်တယ် အန်တီဒီအချိန်မှာ မပြောတော့ဘူး ကိုယ့်သမီးလေးလည်းနားလည်သွားပြီ မိဘကိုစော်ကားရင်ငရဲကြီးတယ် ဘုရားနဲ့တောင်တဂိုဏ်းတည်းထားရသေးတာပဲ” လို့ပြောပြခဲ့ပါတယ်။

နွေးနွေးချစ်ဖွယ်ကတော့ “မေမေကတော့ဆုံးမတယ် ဘာပဲဖြစ်ဖြစ် အဖေ့ကိုပေးလို့ကျွေးလို့လည်း သူမပြောသလို နွေးရှာတဲ့ပိုက်ဆံဖြစ်လို့ နွေးကြိုက်တဲ့သူကိုပေးပိုင်ခွင့်ရှိတယ်လို့ပြောတယ် ဘယ်သူ့ကိုပေးပေး ငါ့သမီးလေးရှာတဲ့ပိုက်ဆံ ငါ့သမီးလေးလှူတယ်လို့ပဲသဘောထားပေါ့နော် အဓိကကတော့ အမေက မေတ္တာတရားကြီးမားတဲ့မိခင်တစ်ဦးပေါ့ အမေ့သမီးဖြစ်ရတာ သမီးဂုဏ်ယူပါတယ်”လို့ ကြည်နူးစွာပြောပြခဲ့ပြီး မိခင်ဖြစ်သူကလည်း ဒီလိုသမီးလေးရခဲ့လို့ ပျော်ရွှင်ရကြောင်းနဲ့ ခင်ပွန်းသည်အပေါ်လည်း မေတ္တာပဲထားပြီး အမုန်းမပွားတော့ကြောင်း အင်တာဗျူးလေးမှာ ဖြေဆိုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*