စွပ်ပြုတ်ကိုနည်းနည်းပဲထည့်ပေးလို့ဆိုပြီး ပူလောင်နေတဲ့စွပ်ပြုတ်ဟင်းရည်ထုပ်နဲ့ဈေးရောင်းတဲ့အမျိုးသမီးကို ပက်ခဲ့တဲ့ဈေးဝယ်သူ

ထိုင်းနိုင်ငံ၊Chiang Mai မှ အစားအစာမျိုးစုံရောင်းချတဲ့နေရာတစ်ခုမှာဈေးဝယ်သူအမျိုးသမီးတစ်ယောက်က သူမကိုနည်းနည်းပဲထည့်ပေးလို့ဆိုပြီး ပူနေတဲ့ ခေါက်ဆွဲစွပ်ပြုတ်ရည်တွေအပြည့်ပါတဲ့အိတ်နဲ့ဈေးရောင်းတဲ့အမျိုးသမီးကိုလှမ်းပက်ခဲ့တယ်လို့သိရပါတယ်။

အသက် ၂၆နှစ်အရွယ်သာရှိသေးတဲ့ ဈေးဝယ်သူဟာ သူမကိုခေါက်ဆွဲစွပ်ပြုတ်ရည်များများထည့်ပေးဖို့ဈေးရောင်းတဲ့အမျိုးသမီးကို ပြောခဲ့ပါတယ်။ဈေးရောင်းတဲ့အမျိုးသမီးဖြစ်သူ KhamLoongtah ကလည်းများများထည့်ပေးပြီး အိတ်နဲ့ထုတ်ပေးခဲ့တာကို စီစီတီဗီကနေမြင်တွေ့ရပါတယ်။ဈေးဝယ်သူအမျိုးသမီးက အိတ်အကြီးနဲ့ထည့်ပေးထားတဲ့မုန့်ထုပ်နဲ့ဟင်းရည်အိတ်ကိုပေးခဲ့ပေမဲ့ ဈေးဝယ်သူအမျိုးသမီးကမယူခဲ့ပဲ လွှင့်ပစ်ပြီး Kham ကို အဲ့ဒီအိတ်နဲ့ကိုလှမ်းပက်ခဲ့တာပဲဖြစ်ပါတယ်။

သူမက ဟင်းရည်ပူတွေနဲ့ပက်ခဲ့တဲ့အပြင် လက်ညှိုးထိုးပြီး တခြားစားသုံးသူတွေရှေ့မှာဒေါသတကြီးနဲ့ပြောဆိုနေတာကိုလည်းမြင်တွေ့ရပါတယ်။အဲ့ဒီလိုဖြစ်နေတုန်းမှာသူမရဲ့ချစ်သူကောင်လေးရောက်လာခဲ့ပြီးKham ကိုတောင်းပန်ခဲ့ပါတယ်။ပြီးတော့Kham ရဲ့လည်ပင်းနဲ့ရင်ဘတ်တွေမှာအပူလောင်ဒဏ်ရာတွေဖြစ်သွားခဲ့လို့ဆေးရုံကိုခေါ်သွားပြီး ကုသပေးမယ်လို့ပြောခဲ့ပေမဲ့ Kham ကငြင်းဆန်ခဲ့ပါတယ်။

Kham က သူမရဲ့ငွေနဲ့ဆေးရုံမှာကုသခဲ့ပြီး ထိုင်းငွေ ဘတ်၃၀၂ ပေးခဲ့ရပါတယ်။ပြီးတော့ သူတို့စုံတွဲဆီကလျော်ကြေးမယူခဲ့ပဲ စွပ်ပြုတ်ရည်နဲ့ပက်ခဲ့တဲ့အမျိုးသမီးကိုရဲစခန်းကိုတိုင်ကြားခဲ့တယ်လို့သိရပါတယ်။

Kham ဟာ အစားအသောက်မျိုးစုံရောင်းချတဲ့နေရာမှာဆိုင်ဖွင့်လာတာ၄နှစ်နီးပါးရှိပါပြီ။သူမရဲ့ဆိုင်က မနက် ၁၁နာရီကနေ နောက်နေ့မနက် ၂နာရီဖွင့်တာဖြစ်ပြီးတစ်နေ့ကို ဘတ်ငွေ ၂၁ ရပါတယ်။အခုအဖြစ်အပျက်ကြောင့်သူမရဲ့ဒဏ်ရာတွေပျောက်ကင်းတဲ့အချိန်အထိစောင့်ပြီးဆိုင်ပိတ်ထားရတော့မယ်လို့လည်းသိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*