
အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရခြင်းနဲ့ ပက်သက်ပြီး လူတွေရှေးခေတ်ထဲက ပြောလာခဲ့တဲ့ နည်းလမ်းတွေရှိပါတယ်။ တစ်ချို့ က စိတ်ကူးယဉ်ဆန်လွန်းပြီး ဖြစ်နိုင်ခြင်းမရှိပါဘူး။ ဒါပေမယ့် အချို့အရာတွေကတော့ အံ့သြစရာကောင်းလောက်အောင် တကယ်ဖြစ်နိုင်ကြပါတယ်။ အချို့အရာတွေက လိင်ဆက်ဆံခြင်းက မဟုတ်ပဲ ကိုယ်ဝန်ရသွားနိုင်ပါတယ်။
သြစတျေးလျနိုင်ငံက Family Planning NSW ရဲ့အဆိုအရ အဝတ်အစားက တစ်ဆင့်တောင် ကိုယ်ဝန်ရနိုင်တယ်လို့ဆိုပါတယ်။ ဖြစ်လေ့ဖြစ်ထနည်းပေမယ့် တကယ်ကိုဖြစ်နိုင်တဲ့အရာလို့ဆိုပါတယ်။ အကယ်၍ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်
ယောက်ကျားဖြစ်သူရဲ့သုတ်ရည်က အမျိုးသမီးအင်္ဂါထဲကိုဝင်သွားရင် ကိုယ်ဝန်ရနိုင်ပါတယ်။
၂ဦးသားဆန္ဒပြီးမြောက်သွားတဲ့အချိန်မှာ အမျိုးသမီးရဲ့အင်္ဂါထဲမှာ မထုတ်လွှတ်ခဲ့ပေမယ့် မတော်တဆ အတွင်းခံပေါ်ကိုကျသွားပြီး ထိုအမျိုးသမီးကအဲ့ဒီအတွင်းခံကို ပြန်ဝတ်ရင်တောင် ကိုယ်ဝန်ရခြင်းဖြစ်နိုင်ပါတယ်။
နောက်တစ်ခုက အမျိုးသမီးတွေအနေနဲ့ နို့ချိုတိုက်ကျွေးနေစဉ်အတွင်း ကိုယ်ဝန်မရဘူးဆိုတဲ့ အယူအဆကို ဆရာဝန်တွေက လက်မခံကြပါဘူး။ ၆လလောက်အထိ ကိုယ်ဝန်ရနိုင်ခြေနည်းတာမှန်ပေမယ့် ၁၀၀%တော့အာမမခံနိုင်ဘူးလို့ ဆိုပါတယ်။
နောက်တစ်ခု အယူအဆမှားနေတဲ့အချက်ကိုလည်း ကျွမ်းကျင်သူတွေက ထုတ်ဖော်ခဲ့ကြပါတယ်။ အဲ့ဒါကတော့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားသုတ်လွှတ်ခါနီးမှာ ပြင်ပကိုထုတ်ပြိးလွှတ်ရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ထင်နေခြင်းပါ။
တကယ်တော့ ဆန္ဒ ပြီးမြောက်ချိန်မှ သုတ်ရည်ကထွက်တာမဟုတ်ပါဘူး။ ကနဦးအနေနဲ့အနည်းငယ်ထွက်နေလေ့ရှိကြပါတယ်။ အဲ့ဒီသုတ်ရည်ကသာ အမျိုးသမီးရဲ့ သားအိမ်အထိကူးခတ်သွားနိုင်ရင် ကိုယ်ဝန်ရမှာ အသေအချာပါပဲ။ နောက်တစ်မျိုးကတော့ Anal Sexကတောင် အချို့အမျိုးသမီးတွေက ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုထားပါတယ်။
source: the sun
Leave a Reply