မျက်မှန် ပါဝါရှိသူ၊ အာရုံကြောအားနည်း သူ၊ ဆီချို ၊ သွေးချို သမားများအ တွက် အောင် မဲညို

အောင်မဲညိုပန်း(အခြောက်)သောက်လာတာ ၃လ လောက်နေတော့ဘယ်ဘက်မျက်လုံးမှာတွေ့တွေ့နေရတဲ့တိမ်လိုလို ငှက်မွှေးလိုလိုလေးပျောက်သွားခဲ့ပါတယ်မျက်စိဆရာဝန်ကသောက်ခိုင်းတဲ့ဆေး ၆ လ ၂ကြိမ်သောက်တာတောင်မပျောက်ခဲ့ပါလွန်ခဲ့တဲ့၂ နှစ်လောက်ကဆေးသောက်တာပါခွဲရမှာကြောက်ပြီး ဆေးခန်းပြန်မပြမိတော့ဘူဆေးသောက်လို့မပျောက်ရင်တော့ခွဲရမယ်လို့ပြောခဲ့ပါတယ်ခုတော့ခွဲစရာမလိုအိုကေပြီလေ(လဘက်ခြောက်နဲ့ရောပြီးနေ့စဉ်သောက်ပါ)

အောင်မဲညိုဆိုတာဆေးဖက်ဝင်တဲ့အပြာရောင်ပန်းပွင့်လေး။ဒီအောင်မဲညိုပန်း ခြောက်လေး ၄/ ၅ ပွင့်ကိုရေနွေးကြမ်းထဲ ခပ်သောက်ပြီး၂လ ,၃လအကြာမှာမျက်မှ န်ပါဝါရှိသူတွေမျက်မှန်ကျွတ်ပြီးစာတွေဖတ်နိုင်လာတယ်။

မွဲခြောက်ခြောက်အသားအရေကနေ စိုပြည်ဝင်းလက်လာသူတွေ။အာရုံကြောအားနည်းသူတွေ၊မျက်ရိုးခဏခဏကိုက်သူတွေ။ဆံပင်ဖြူ တွေပြန်နက်လာသူတွေ။

ဆီချို ၊သွေးချို သမားများရောဂါ သက်သာလာတာတွေတွေ့ရတော့။ဒီအောင်မဲညိုပန်းလေးအကြောင်းနည်းနည်းပြောပြချင်လာပါတယ်။

မြန်မာလိုအခေါ် အောင်မဲညိုပန်းကို အင်္ဂလိပ်လို Butterfly Pea Flower လို့ခေါ်ပါတယ်။ရာစုနှစ်တော်တော်များတည်းက အရှေ့တောင်အာရှမှာစတင်အသုံးပြုနေခဲ့ပြီးအမေရိကန်မှာတော့အဲ့ချိန်တည်းက ဈေးကွက်ထဲကိုတင်ပို့နိုင်ဖို့စတင် ကြိုး ပမ်းနေခဲ့ပြီဖြစ်ပါတယ်။

ရေနွေးဖြူထဲကိုအောင်မဲညိုပန်းခြောက် ၄/ ၅ ပွင့်လောက်ထည့်လိုက်ရင်လှပ ညှို့ယူဖမ်းစားနိုင်တဲ့အရောင်အဆင်း၊ အရည် အသွေးရှိပြီးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အပြာရောင်အောင်မဲညိုရေနွေးကြမ်းကိုရရှိမှာဖြစ်ပါတယ်။

ကျန်းမာရေးအတွက် အကျိုးပြုပုံ

G r e e n B l e n d e r W e b s i t e က ဖော်ပြထားတဲ့ သုတေသနတွေအရ အောင်မဲညို ရေနွေးကြမ်း ဟာဆိုရင် Antioxidants အပြည့်အဝြဖစ်ပါတယ်။ သကြားမော်လီကျူ းတစ်ခုဝင်ရောက်လာခြင်းကြောင့် ဖြစ်ရတဲ့ ပရိုတိန်းပျက်စီးဆုံးရှုံးမှု(glycation) ကို ဆန့်ကျင်တိုက်ဖျက် ပေးပါတယ်။ ဒါကြောင့်အရွယ်မတိုင်ခင်အိုမင်းမှု အရေပြားရင့်ရော်ခြင်းကိုကာကွယ်ပေးပါတယ်။ဒါကြောင့်ဆီးချို၊သွေးချို ရောဂါများအတွက်လည်းအထူးသောက်သုံးရန် သင့်လျော်ပါတယ်။

ဒါ့အပြင်

မျက်စိနှင့်အာရုံကြောဆိုင်ရာကောင်းမွန်စေခြင်း။မျက်စိမှုံခြင်း၊မျက်စိတိမ်ကွယ်တာ၊ကျောက်ကပ်၊နှလုံးရောဂါရှိသူတွေ၊သွေးတိုးရောဂါရှိသူများ၊

ခေါင်းကိုက်တတ်သူများ၊အစာအိမ်ရောဂါရှိသူများ၊ပုံမှန်အစွဲသောက်ခြင်းဖြင့်ခန္ဒာကိုယ်တွင်းရောဂါကင်း၍ကျမ္မာသန်စွမ်းစေခြင်း။ဆံပင်ကိုပြန်လည် ၍ နက်မှောင်သန်စွမ်းစေခြင်း။

ကလေးငယ်များမျက်ခုံးမွှေးမသန်ခြင်း၊ ဆံပင်မသန်ခြင်းများအတွက်လည်း အောင်မဲညိုရေနွေးကြမ်းအရည်အနည်း ငယ်နှင့် မျက်ခုံး၊ဦးရေပြားများကိုပွတ်သပ်ပေးခြင်းဖြင့်ဆံပင်၊မျက်ခုံးမွှေး သန်စွမ်းစေခြင်းဖြင့်ဓာတုဆေးဝါးမပါဘဲ သဘာဝအတိုင်းကုသပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

အောင်မဲညိုအကြောင်းတင်ပေးပါဆိုလို့ ပုံကတော့ကိုယ်တိုင်ခူးထားတာ ကိုယ် တိုင်စသောက်ပြီးတစ်လကျော်လောက်မှာမျက်မှန်ကျွတ်သွားပါပြီ!!

Be the first to comment

Leave a Reply

Your email address will not be published.


*