“ဒိန်ချဉ် တစ်ထုပ်(၅၀၀) ပူတင်းတစ်ဗူး (၃၀၀)” ဒါကိုပဲ Non-Stop အိမ်ရှေ့မှာ အော်နေတဲ့ဘဲကို ကွိုင်ဖို့အောက်ဆင်းလာမိတယ်

“ဒိန်ချဉ် တစ်ထုပ်(၅၀၀) ပူတင်းတစ်ဗူး (၃၀၀)” !!!

ဒါကိုပဲ Non-Stop အိမ်ရှေ့မှာ အော်နေတဲ့ဘဲကို ကွိုင်ဖို့အောက်ဆင်းလာမိတယ်။ကြည့်လိုက်တော့ အသက်(၆၀)လောက် အန်ကယ်တယောက်ဖြစ်နေတယ်။Taxi ဆွဲတဲ့ကားမှာ နောက်ဖုံးလေးဖွင့်ပြီးဝယ်သူမျှော်နေပုံကြောင့် စိတ်ထဲမကောင်းဘူး။

ကြည့်ရတာက တစ်ခါမှ ဈေးရောင်းဘူးပုံလည်း မပေါ်ဘူး။’ဦး… လက်ကိုင်ဟွန်းအသံလေးကို နည်းနည်းလျော့ပါလား၊ ဆက်တိုက်ကြီး Non Stop ထွက်နေတော့ နားထောင်ရတာ အဆင်မပြေဘူး။’

‘အေးကွာ ငါလည်းတစ်ခါမှ ဈေးမရောင်းဘူးဘူး။ Taxi ဆွဲရတာ အဆင်မပြေလို့ မိန်းမလုပ်ပေးတဲ့ ဒိန်ချဉ်နဲ့ ပူတင်းလေး ပတ်ရောင်းနေတာ။ဒါရီး မင်းချိန်တတ်ရင် ချိန်ပေးစမ်းပါကွာ။ ငါလည်း နားညည်းနေပြီ’ ဆိုပြီး သူ့လက်ကိုင်ဟွန်းကြီး ကိုယ့်ထိုးပေးပါလေရော။ကိုယ်လည်း ဆက်တင်လေးဟိုချိန်ဒီချိန် လုပ်ပေးရင်း’ဒီအသံကြီးက မမိုက်ဘူး။ ကျနော် ပြန်အော်ပေးမယ်…’ ဆိုတော့

‘ချကွာ’ တဲ့ …ကိုယ်လည်း ဘယ်ရမလဲ။’သဘာဝ ဒိန်ချဉ် … တစ်ထုပ်(၅၀၀)ဟုမ်းမိတ် ပူတင်း… တစ်ဗူး (၃၀၀)’ဆိုပြီး Value Added လေးပါ
အဆစ်ထည့်အော်ပေးလိုက်တယ်။နားထောင်ကြည့်တော့ ဘိုးတော်က သဘောကျသွားတယ်။ရော့ကွာ ‘မင်း ပူတင်း(၁)ဗူး စားသွား’တဲ့’နေပါစေ အန်ကယ်… ကျနော်ဝယ်ပြီးအားပေးပါမယ်’ဆိုပြီးဒိန်ချဉ် (၂)ထုပ်နဲ့ ပူတင်း(၃)ဗူး အားပေးလိုက်တယ်။

အံမယ်…ငါ့အသံလေးနဲ့ နား…နားပြီး အော်ထားတာလေးကြတော့ နားထောင်လို့ကောင်းသား …ဟ။

“ရောင်းကောင်းပါစေ အန်ကယ်” !!!

Be the first to comment

Leave a Reply

Your email address will not be published.


*