တရက် အတွင်း ကမ္ဘာ့ အဆင့် သေဆုံးမှုစာရင်း မှာ အဆင့် 20 ဝင်သွား ခဲ့တဲ့ မြန်မာ

တရက် အတွင်း ကမ္ဘာ့ အဆင့် သေဆုံးမှုစာရင်း မှာ အဆင့် 20 ဝင်သွား ခဲ့တဲ့ မြန်မာ နဲ့ယိုင်နဲ့စပြုလာပြီဖြစ်တဲ့ ဗျူဟာကုန်းများ

(၁) Covid-19 designated Hospital များ အဖြစ် ဝေ ဘာဂီ၊ တောင် ဥက္ကလာ၊ ဖောင်ကြီး ၃ ခုတည်း ရှိနေရာမှ လူနာအင်အား ဆတိုးများပြားလာသည့်အခါ ရန်ကုန်မြို့ပေါ်ရှိ အခြားေ ဆးရုံအ သီးသီးကိုလည်း designated hospital များအဖြစ် ပြင်ဆင်ထားရန် စီစဉ်နေဆဲမှာပင် ထိုဆေးရုံများမှာ သူ့အလိုလိုပင် designated hospital များအဖြစ် ေြ ပာင်းလဲ နေပြီးသားဖြစ်နေသည်ကို တွေ့နိုင်ပါသည်။

(၂) ဆေးရုံတင်လူနာသတ်မှတ်ရေး Admission Criteria တွင် သာမာန်လက္ခနာ ရှိသူများ၊အနံ့ပျောက်သူများထက် ရောဂါလက္ခနာ ပိုဆိုး၊ပိုပြင်းထန်သူများကိုသာ ဆေးရုံတင်ကုသရန် စီစဉ်နေဆဲမှာပင် လာသမျှလူနာ ၁၀ ယောက်မှာ ၁၀ ယောက်လုံးနီးပါး ဖတ်ဖတ်မောလို့၊ သွေးတွင်း အောက်စီဂျင် ၈၀% နှင့် ၉၀% ရာခိုင်နှုန်းကြား၊ အချို့ဆို အံ့ဩလောက်စရာ ၃၀-၄၀%၊ အဆုတ် ဓါတ်မှန်များတွင် ကိုဗစ်ကိုက်ဒါဏ်ရာဒါဏ်ချက်များ အဖွေးသားဖြင့်၊ သူ့အလိုလို admission criteria ပြောင်းသွားပြီးသား ဖြစ်နေပြန်ပါသည်။

(၃) containment strategy ကို လွှတ်ချလိုက်ပါ တော့လားဟု အားလုံး ညာသံပေး၍ အော်နေစဉ်မှာပင် အဆိုပါ အနံ့ပျောက်နှင့် သာမာန်လက္ခနာရှိသူအများစုမှာ မိမိတို့အိမ်အ သီး သီးမှာပင် အောင်းနေပုံရသည့်အတွက် modified containment ဟုဆိုဆို၊ mitigation ဟုပဲ အာလုတ်သံပြုပြု သူ့အလိုလို ပြောင်းပြီးဖြစ်နေပြန်ပါသည်။

(၄) ယခု အခါ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံအသီးသီးသည် အရှေ့ ဘက်မှ စစ်မျက်နှာဖွင့် အားကုန်ထုတ်လာပြီဖြစ်သော ရန်သူ ကိုဗစ်နှင့် သူသေကိုယ်သေ ရင်ဆိုင်နေရချိန်တွင် အနော က်ဘ က်မှ Non-Covid ရန်သူများကလည်း နောက်ကျော ဓါးနှင့်ထိုးနေပါပြီ။ ဗျူဟာကုန်းများသည် တစ်နေ့တစ်နေ့ ချိနဲ့စပြုလာနေပါပြီ။ကတုတ်ကျဉ်းများ ထဲမှာလည်း လူအင်အား ခပ်နဲ့နဲ့။

(၅) ငယ်ငယ်ကကြည့်ဖူးသော စစ်ကားများထဲက မင်းသားကြီး ဗိုလ်ဗကို၏ နောက်ခံစကားပြောသံကို ကြားယောင်နေမိပါသည်။ “အဲ အခုဆိုရင် …ကျူးကျော်သူတွေဟာ ထောင်သောင်း အ လုံး အရင်းနဲ့ အမိမြေထဲကို ကျူးကျော်ဝင်ရောက်လာနေပြီခင်ဗျ။ ဗျူဟာကုန်းမှာ ကျန်နေတဲ့ ဗမ နဲ့ တပ်မတော်သားလေး ၂ ဦးကတော့ ရဲစွမ်းသတ္တိအပြည့်နဲ့ ၊ ရှိတဲ့ လက်နက်အင်အားနဲ့ ခု ခံေ နတုန်းပဲခင်ဗျ။”ဒီလို ပြောပြီး သိပ်မကြာခင်မှာပဲ ဘယ်ကရောက်လာမှန်းမသိတဲ့ လက်နက်ကြီး ပစ်ကူတွေရော၊ လေယာဉ်တွေရော၊ စစ်ကူတွေ “ကျား” အော်ရင်း တက်လာတာလည်း ဖွေးေ ဖွးလှုပ်လို့၊ ကြည့်နေတဲ့ ပရိတ်သတ်ကလည်း ကြက်သီးတွေထ၊ လက်ခေါက်တွေ မှုတ်လို့၊ အောင်ပွဲ။

(၆) ဗျူဟာကုန်းတွေမှာ လူစုကြဖို့ လိုပါပြီ။ (Hein Yarzar Aung)မနေ့က (၁၈-၁၀-၂၀၂၀) ရက်နေ့မှာ မြန်မာတနိုင်ငံ လုံး ကိုဗစ်ကြောင့် သေဆုံးသူ (၄၂) ဦး ရှိခဲ့ပါတယ်။ အဆိုပါ ပမာဏသည် တကမ္ဘာလုံးတွင် တနေ့တာ သေဆုံးနှုန်း စာရင်း၌ အ ဆင့် (၁၉)သို့ ရောက်ရှိခဲ့ပြီး ပိုးကူးစက်မှု ကမ္ဘာ့တတိယ အများဆုံး ဘရာဇီးနိုင်ငံထက် တဆင့် မြင့်ခဲ့တာ ဖြစ်ပါတယ်။ ယင်း စာရင်းတွင် အိန္ဒိယနိုင်ငံက သေဆုံးသူ (၅၆၅) ဦးဖြင့် အဆင့် (၁) မှာ ရပ်တည်ခဲ့ပါတယ်။ မြန်မာနိုင်ငံတွင် လတ်တလော အချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း (၈၈၀) ဦး ရှိပြီဖြစ်ပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*