ပင်စင်လစာထုတ်ဖို့ လူကိုယ်တိုင်အတည်ပြုဖို့လိုတယ်ဆိုလို့ အသက်100 အရွယ်မိခင်ကို ဘဏ်သို့ဆွဲခေါ်သွားခဲ့ရတဲ့အဖြစ်(ရုပ်သံ)

အိန္နိယနိုင်ငံမှာနေထိုင်တဲ့ အသက် 60 အရွယ်အမျိုးသမီးဟာ သူမရဲ့မိခင်ဖြစ်သူ အသက်100အရွယ်ရဲ့ ပင်စင်လစာကိုထုတ်ဖို့ဆိုပြီး မိခင်ကိုကုတင်ပေါ်တင်ပြီး ဘဏ်အထိဆွဲခေါ်သွားခဲ့ပါတယ် ။ အစပိုင်းမှာတော့ အဆိုပါအမျိုးသမီးဟာ မိခင်ရဲ့ပင်စင်လစာ Rs 1,500 ကို ဘဏ်မှာသွားထုတ်ခဲ့ပေမဲ့လည်း ဘဏ်ဝန်ထမ်းများက ပင်စင်လစာထုတ်မည့်သူရဲ့ လူကိုယ်တိုင်အတည်ပြုမှုလိုအပ်ကြောင်းပြောဆိုပြီး ပင်စင်လစာထုတ်ပေးဖို့ ငြင်းပယ်ခဲ့ပါတယ် ။ ထို့ကြောင့် ကိုယ်တိုင်အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ Punjumati Dei ဟာ သူမ၏မိခင် Labhe Baghel ကို ကုတင်ပေါ်တင်ပြီး အနီးအနားမှာရှိတဲ့ဘဏ်သို့ ရောက်အောင်ဆွဲခေါ်သွားပါတော့တယ် ။

ထို့ကြောင့် အဆိုပါအဖြစ်အပျက် video လေးဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပါတော့တယ် ။Video ထဲမှာတော့ သမီးဖြစ်သူက ” ပြီးခဲ့တဲ့ 3လက ကျွန်မဘဏ်ကိုအကြိမ်ကြိမ်သွားပြီး ပင်စင်လစာထုတ်ပေးဖို့တောင်းဆိုခဲ့တယ် ။ ဒါပေမဲ့ တာဝန်ရှိသူတွေက ကျွန်မအမေကိုခေါ်လာမှ ပိုက်ဆံထုတ်ပေးမယ်လို့ပြောခဲ့တယ် ” ဆိုပြီး အော်ဟစ်ပြောဆိုနေခဲ့ပါတယ် ။

အဆိုပါ video ဟာ အတော်လေးပျံ့နှံ့သွားခဲ့ချိန်မှာတော့ ပြည်နယ်အစိုးရက အဆိုပါဘဏ်ရဲ့မန်နေဂျာဟာ လူကိုယ်တိုင်စစ်ဆေးအတည်ပြုချင်လျှင် နေအိမ်အထိကိုယ်တိုင်သွားပြီး စစ်ဆေးအတည်ပြုသင့်ကြောင်း ပြောဆိုလာခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဘဏ်ဖက်ကတာဝန်ရှိသူများကလည်း ဘဏ်သို့လာရောက်သည့်တစ်ဦးတစ်ယောက်စီကိုကိုယ်တိုင်နေအိမ်အထိ သွားရောက်ပြီးစစ်ဆေးအတည်ပြုဖို့မှာ မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေရှင်းပြောဆိုသွားခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*