ရည်းစားဖြစ်သူက ဖောက်ပြန်နေတယ်လို့ အထင်မှားမိတဲ့ ကောင်မလေးကနေ ကြီးမားတဲ့အမှားကြီးကို ကျူးလွန်ခဲ့

အသက်၂၃နှစ်အရွယ်ရှိ Li Tan ဟာ သူ့ရဲ့ချစ်သူကောင်လေးအပေါ် သံသယဝင်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် တစ်နေ့မှာတော့ သူမရဲ့သံသယတွေကို အတည်ပြုပေးမယ့်အရာ ဖြစ်လာခဲ့ပါတယ်။ Li ရဲ့ ချစ်သူကောင်လေး De Wu ဟာ အိမ်ကိုစောပြန်လာမယ်ပြောပြီး နောက်ကျမှသာ ပြန်ရောက်ခဲ့ပါတယ်။

ဒါကိုပဲ အချစ်ကြီးတဲ့ Li ဟာ ဒေါသတွေအကြီးအကျယ်ထွက်ပြီး လက်စားချေခဲ့ပါတယ်၊ သူမဟာ အနီးနားမှာရှိတဲ့ စတိုးဆိုင်ကနေ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေဝယ်ပြီး De Wuရဲ့ အငှါးနဲ့ စီးနေရတဲ့ကားပေါ်ကနေရာတွေအပြည့် ကပ်ထားခဲ့ပါတယ်။ ဒါနဲ့တင် Li ကမကျေနပ်နိုင်သေးဘဲ အဆိုပါကားကို ဓာတ်ပုံတွေရိုက်ပြီး လူမှုကွန်ယက်တွေမှာ လျှောက်ပြီးဖြန့်ခဲ့ပါတယ်။ သူမဘက်က အားပေးတဲ့သူတွေရှိခဲ့ပေမယ့် ချစ်သူကောင်လေး De Wuကနေ ကားကိုတွေ့သွားတဲ့အခါမှာတော့ Li ဟာ အမှားအကြီးကြီး ကျူးလွန်ခဲ့တာကို သိလိုက်ရပါတယ်။

တကယ်တော့ De Wuဟာ Li အတွက် မွေးနေ့ပါတီတစ်ခု Li မသိအောင် စီစဉ်နေလို့ အိမ်ပြန်နောက်ကျခဲ့တာပါ။ နဂိုတည်းကမှ သံသယတွေနဲ့ပြည့်နေတဲ့ Liဟာ အမှားကို မသိမိဘဲ ကျူးလွန်ခဲ့ပါတယ်။ De Wuဟာ သူ့သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်ပိုင်ရှင်ကို သက်သေထားပြီး Li ကိုရှင်းပြခဲ့တာကြောင့် Liဟာ နောက်ဆုံး သံသယတွေကင်းပြီး ကျေနပ်ခဲ့ပါတယ်။ De Wuကတော့ အဆိုပါကားကို နောက်ဘယ်သူမှ စီးတော့မှာမဟုတ်ဘူးရယ်လို့ ရယ်မောပြောဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*