အခုလက်ရှိ သင့်ဆံပင်အရှည်ကနေ ချက်ချင်းသိနိုင်မယ့် သင့်ရဲ့အမှုအကျင့်

ကဲ .. ဒီ Test လေးက တခြား Test တွေထက် ထူးခြားနေမှာပါ။ ဆံပင် အတို ၊ အရှည်ကို ကြည့်ပြီး လူတစ်ယောက်ရဲ့ အမှုအကျင့်တွေကို သိနိုင်ပါတယ်တဲ့။ တကယ်မှန် ၊ မမှန်ဆိုတာကိုတော့ စမ်းကြည့်ရအောင် …

#1 ဆံပင်အတို

အခုလက်ရှိ သင့်ဆံပင်အရှည်က တိုတိုကပ်ကပ်လေးဆိုရင် … သင့်က ကိုယ့်ကိုယ်ကို အမြဲယုံကြည်မှုှရှိသူတစ်ယောက်ပါ။ တိုတိုကပ်ကပ် ညှပ်ရဲတဲ့ သတ္တိရှိတာကြောင့် သင့်က ဘာပဲလုပ်လုပ် သတ္တိရှိတယ်။ သင့် ဒါဖြစ်ချင်တယ်ဆို ဒါကိုပဲမရမကဖြစ်အောင်လုပ်တတ်တယ်။ သင့်က အသစ်အဆန်းတွေကိုဆို အမြဲစိန်ခေါ်လေ့ရှိသူတစ်ယောက်ပါ။ အသစ်အဆန်းတစ်ခုခုကို အရင်ဆုံး လုပ်ကြည့်လိုက်ရမှပါ ။ ဥပမာ- သင့်နဲ့လိုက် ၊ မလိုက် မသိသေးတဲ့ ဆံပင်ကေအဆန်းကို အရင်ညှပ်ကြည့်လိုက်တယ် ၊ အခုတစ်ခေါက်မှာ မလိုက်ဘူးဆိုတာ သိသွားရင်တော့ နောက်မလုပ်တော့ဘူး။

#2 ဆံပင် ကုတ်ဝဲ

အခုလက်ရှိ သင့်ဆံပင်အရှည်က ဆံပင် ကုတ်ဝဲ ဆိုရင် … သင့်က ဖော်ရွေတတ်သူတစ်ယောက်ဖြစ်သလို မဟုတ်ရင် မခံတတ်တဲ့စိတ်ရှိသူပဲဖြစ်တယ်။ တစ်စုံတစ်ယောက်နဲ့ ငြင်းခုံလိုက်ရလို့ကိုယ့်မှန်တယ်ထင်ရင် အဆုံးထိငြင်း တတ်တဲ့အကျင့်ရှိတယ်။ သင့်က အကြောက်တရားသိပ်မရှိတဲ့သူတစ်ယောက်လည်းဖြစ်တယ်။ ဆိုလိုချင်တာက တော်ရုံကိစ္စတွေဆို သိပ်မကြောက်နေဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တတ်တယ်။

#3 ပခုံးအကျော် ဆံပင်

အခုလက်ရှိ သင့်ဆံပင်အရှည်က ပခုံးအကျော် ဆံပင် ဆိုရင် … သင့်က မိန်းမဆန်တဲ့အလှမျိုးရှိတယ် ၊ ဆိုလိုချင်တာက အလှအပ အရမ်းစိတ်ဝင်စားသူဖြစ်တယ်။ သင့်က စိန်ခေါ်မှုတွေကို ကြိုက်နှစ်သက်သူဖြစ်ပြီး ပရောဂျက်သစ်တွေကို ဖန်တီးရတာကြိုက်သူပဲဖြစ်တယ်။ မိတ်ဆွေသစ်တွေကိုလည်း အမြဲကြိုဆိုလေ့ရှိသူပဲဖြစ်တယ်။

#4 ဆံပင် အရှည်

အခုလက်ရှိ သင့်ဆံပင်အရှည်က အရှည်ဖြစ်တယ်ဆိုရင် … သင့်က စိတ်ရှည်တတ်သူတစ်ယောက်ဖြစ်ပြီး ဂရုစိုက်တတ်သူလည်းဖြစ်တယ်။ သင့်ဆံပင်ကို အရှည်ကြီးထားတာကြောင့် သင့်က ထင်ထားတာထက် စိတ်ရှည်သူတစ်ယောက်ပဲဖြစ်တယ်။ သင့်က သင့်ရဲ့ရည်မှန်းချက်တွေကို စိတ်ရှည်ရှည်နဲ့ မဖြစ်မနေ ရအောင်လုပ်တတ်သူတစ်ယောက်ပဲဖြစ်တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*