အားလုံး သိထားသင့် တဲ့ ဝက်ခြံ အမျိုး အစားနဲ့ ကုသ နည်း များ (တန်ဖိုး ရှိတယ်)

အားလုံး သိထားသင့် တဲ့ ဝက်ခြံ အမျိုး အစားနဲ့ ကုသ နည်း များ (တန်ဖိုး ရှိတယ်)

ဝက်ခြံတွေဆိုတာကလည်းလေ။ ဒီတိုင်းနေနေရင် အကောင်း။ သွားစရာ၊ လာစရာရှိပြီး။ အရေးကြီးတဲ့သူတစ်ယောက်ယောက်နဲ့တွေ့ရပြီဆိုတာနဲ့ ဟိုတစ်မျိုး၊ ဒီတစ်မျိုးလှိမ့်ထွက်လာကြတော့တာပါပဲ။ တစ်ချို့ကျတော့ လည်း နှစ်ရည် လများပေါက်နေ တတ်ကြပါတယ်။ ဘယ်လိုပဲပေါက်ပေါက် ဝက်ခြံတွေက အမျိုးအစား အမျိုးမျိုးရှိပြီး ကုသပုံချင်း မတူညီကြပါဘူး။

၁။ ဆားဝက်ခြံ

ဆားဝက်ခြံ မှာ အမဲစေ့နဲ့ အဖြူစေ့ဆိုပြီး နှစ်မျိုးရှိပါတယ်။ အဆီ၊ ဖုန်မှုန့်၊ အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ စုပုံလာပြီး ချွေးပေါက်ပိတ်သွားတဲ့အခါမှာ ဆဲလ်သစ်တွေပြန်မမွေးဖွားနိုင်တော့ဘဲ ဆားဝက်ခြံဖြစ်လာရတာပဲ ဖြစ်ပါတယ်။ ရေနွေးငွေ့နဲ့ ပုံမှန်ပေါင်းတင်ပေးမယ်။ Exfoliate ပုံမှန် လုပ်ပေးမယ်။ မိတ်ကပ် နေ့စဉ်ပုံမှန်ဖျက်ပေး မယ်။ ချွေးပေါက်တွေ ကိုသာ ပုံမှန်ဖွင့်ပေးနေ မယ်ဆိုရင်တော့ ဆားဝက်ခြံ က ပျောက်လွယ် ပါတယ်။

၂။ ဝက်ခြံကြီး

ဒါကတော့ အပြည်တည်တဲ့ဝက် ခြံမျိုးပါ။ အဝါရောင်အလုံးကြီးတွေပေါက်တတ်ပါတယ်။ မပေါက်သေးခင် အသားမှာခြင်ကိုက်သလို အနီစက်လေးလိုလိုအရင် ဖြစ်ပြီးမှ နာနေတတ်ပါတယ်။ သူကပေါက်ပြီးရင် လည်း အာမာရွတ်နည်းနည်းကျန်လွယ်လို့ သတိထားရပါတယ်။ ဒီလိုဖြစ်တာကတော့ မျက်နှာကိုသန့်ရှင်းအောင်မထားတာရယ် အသားစားများတာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။ အဓိက အသီးအနှံများများစားပေးပြီး ခန္တာကိုယ်အတွင်း အဆိပ်အတောက်ကင်းအောင်ထားမယ်။ ဝမ်းပုံမှန်သွားမယ်။ ရေဓာတ်လုံလောက်အောင် ဖြည့်ဆည်းပေးမယ်။ အဆီနဲ့ အညစ်အကြေးကို မကပ်ငြိအောင်ဂရုတစိုက်ထိမ်းသိမ်းပေးမယ်ဆိုရင်တော့ ပျောက်ကင်းလာမှာပါ။

၃။ ဝက်ခြံသေး

ဒီဝက်ခြံလေးတွေကတော့ အပြည်လည်းမတည်၊ ညှစ်ရလည်းမလွယ်ဘဲ နဖူးနဲ့ မေးစေ့လိုနေရာမျိုးမှာ သေးသေးလေးတွေ အများကြီးရှိနေတတ်ပါတယ်။ ဒီလိုအခါမျိုးကျရင်တော့ တိုနာကိုသာ နိုင်နိုင်သုံးပေးပြီး သန့်ရှင်းတဲ့မိတ်ကပ်ပစ္စည်းတွေကိုသာ ပြန်လည်အသုံးပြုစေချင်ပါတယ်။ သူလည်းဝက်ခြံကြီးလိုပဲ ဂရုစိုက်ရမယ့်အချက်တွေများပြီး စားသောက်နေထိုင်ပုံတွေ ဆင်ခြင်ဖို့ လိုပါတယ်။ Cream type ထက် ရေဓာတ်ပါဝင်မှုများတဲ့ Sheet mask လေးတွေကို ညတိုင်းပုံမှန်သောက်ပေးပြီး ရှင်းလင်းပေးလို့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*