လင်ငယ်နဲ့ အတူ လင်ယောကျ်ားမောင်း တဲ့တက္ကဆီကိုစီးဖို့ ငှားမိတဲ့ အမျိုးသမီး

လောက မှာ ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုတွေဖြစ်လေ့ရှိတယ်ဆိုတာ ဒီဖြစ်ရပ်ကသက်သေပြနေပါတယ်။ ကိုလံဘီယာနိုင်ငံမှ နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ El Espectador မှဖော်ပြတဲ့သတင်းတစ်ရပ်အရ ကိုလံဘီယာနိုင်ငံသူ လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်ရေးဖောက်ပြန်ပြီး လင်ငယ်နဲ့အတူချိန်းတွေ့စဉ် အတူစီးဖို့ငှားတဲ့တက်ဆီဟာ လင်ကြီးမောင်းတဲ့တက်ဆီ ဖြစ်နေတာကြောင့် အရှုပ်အထွေးတွေဖြစ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါအမျိုးသမီးရဲ့နာမည်ဟာ Yeimy ဖြစ်ပြီး Jesús Barrios ဆိုသူအမျိုးသားနဲ့ ဖောက်ပြန်နေတာ တစ်နှစ်ကျော်ပြီဖြစ်ကြောင်း သိရပါတယ်။ လင်ကြီးရဲ့နာမည်ကိုတော့သတင်းစာက မဖော်ပြခဲ့ပါဘူး။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က လင်ကြီးမသိအောင် နှစ်ယောက်သား Santa Marta မြို့မှာချိန်းတွေ့ကြပြီး ဟိုတယ်ကိုသွားဖို့ Uber တက်ဆီ ငှားရမ်းဘွတ်ကင်လုပ်ခဲ့ပါတယ်။

Uber အပလီကေးရှင်းကနေ ဘွတ်ကင်လုပ်စဉ် ကားမောင်းသူနေရာမှာ လီယိုနာဒိုလို့ ဖော်ပြထားတာကြောင့် ၂ယောက်စလုံးစိုးရိမ်စိတ် မရှိခဲ့ပါဘူး။ ဒါပေမယ့် Uber မှ ာစာရင်းသွင်းမှတ်ပုံတင်ထားတဲ့ ကားမောင်းသမားလီယိုနာဒိုဟာ လင်ကြီးရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး လင်ကြီးဟာ သူငယ်ချင်းကားကိုခဏငှားပြီးအချိန်ပိုင်းကားမောင်း အပိုဝင်ငွေရှာနေတာဖြစ်ပါတယ်။

ဒီလိုမျိုးမိသားစုအတွက်ငွေရှာဖို့ကြိုးစားပေမယ့် သူပြန်ရလိုက်တဲ့ရလဒ်က စိတ်မကောင်းစရာပါ။ လင်မယားနှစ်ယောက်လုံး ကားထဲမှာတင် အချင်းချင်းမှတ်မိ အကြောင်းစုံသိသွားကြပြီး လမ်းပေါ်မှာရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဒီဖြစ်ရပ်ကြောင့် Uber မှတာဝန်ရှိသူတွေဟာ လင်ကြီးကိုကားငှားပေးသူ သူငယ်ချင်းလီယိုနာဒိုကို စည်းကမ်းဖောက်ဖျက်မှုဖြင့်အရေးယူခဲ့ပြီး အိမ်ထောင်ရေးဖောက်ပြန်သူတွေအနေဖြင့် တက်ဆီဘွတ်ကင်လုပ်မည်ဆိုလျှင် Uber အပလီကေးရှင်းတွေဟာ သွားမည့်နေရာ အချိန်စတာတွေကို မှတ်သားထားတာကြောင့် အရင်ကလိုလိမ်ညာဖို့မလွယ်တော့ဘူးဆိုတာသိထားဖို့ သတိပေးပြောကြားခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*