ဝယ်ထားတဲ့တိုက်ခန်း သက်တမ်းကုန်ရင် ၊ ပြိုကျရင် အခန်းပြန်ရနိုင်မလား

ဝယ်ထားတဲ့တိုက်ခန်း သက်တမ်းကုန်ဆုံးတာပဲဖြစ်ဖြစ် ၊ အကြောင်းအမျိုးမျိုးကြောင့် ပြိုကျပျက်စီး တာပဲဖြစ်ဖြစ် ဆုံးရှုံးတဲ့အခါ အခန်းပြန်မရနိုင်ဘူးလို့သိရပါတယ်။ဝယ်ထားတဲ့ အခန်းပဲ ပိုင်တာဖြစ်တဲ့အတွက် အခန်းမရှိတော့ရင် လက်ဆုပ်လက်ကိုင်ပြစရာမရှိပေမဲ့ ၊ မြေရှင်က တိုက်အသစ် ပြန်ဆောက်ရင် မိမိအထပ် ၊ မိမိအခန်းနေရာ ပြန်ရဖို့ တောင်းဆိုပိုင်ခွင့်ရှိတယ်လို့ သိရပါတယ်။

ပြန်ဆောက်မယ့် အခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ပေးရန် တာဝန်လည်း ရှိပါတယ် ။တိုက်သစ်ဆောက်ရင် မြေရှင်ရဲ့ စိုက်ထုတ်ကုန်ကျစရိတ်ရှိတာကြောင့် မိမိအခန်းအတွက် ဆောက်လုပ်ကုန်ကျစရိတ်ကို ထပ်ပေးရတဲ့သဘော ဖြစ်ပါတယ်။

အရင် တိုက်အဟောင်းအခန်းဝယ်ယူခဲ့တုန်းက မြေရှင်သဘောတူလက်မှတ်ရေးထိုးထားတဲ့ စာချုပ်စာတမ်းများရှိနေတဲ့အတွက် အခန်းပိုင်ရှင်ဖြစ်နေသေးပြီး အပြင်လူ ဝယ်တဲ့ဈေးအတိုင်း ပေးဖို့ မလိုဘူးလို့ သိရပါတယ်။

Zawgyiျဖင့္ဖတ္ရန္

ဝယ္ထားတဲ့တိုက္ခန္း သက္တမ္းကုန္ဆုံးတာပဲျဖစ္ျဖစ္ ၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၿပိဳက်ပ်က္စီး တာပဲျဖစ္ျဖစ္ ဆုံးရႈံးတဲ့အခါ အခန္းျပန္မရႏိုင္ဘူးလို႔သိရပါတယ္။ဝယ္ထားတဲ့ အခန္းပဲ ပိုင္တာျဖစ္တဲ့အတြက္ အခန္းမရွိေတာ့ရင္ လက္ဆုပ္လက္ကိုင္ျပစရာမရွိေပမဲ့ ၊ ေျမရွင္က တိုက္အသစ္ ျပန္ေဆာက္ရင္ မိမိအထပ္ ၊ မိမိအခန္းေနရာ ျပန္ရဖို႔ ေတာင္းဆိုပိုင္ခြင့္ရွိတယ္လို႔ သိရပါတယ္။

ျပန္ေဆာက္မယ့္ အခန္းအတြက္ ေဆာက္လုပ္ကုန္က်စရိတ္ေပးရန္ တာဝန္လည္း ရွိပါတယ္ ။တိုက္သစ္ေဆာက္ရင္ ေျမရွင္ရဲ႕ စိုက္ထုတ္ကုန္က်စရိတ္ရွိတာေၾကာင့္ မိမိအခန္းအတြက္ ေဆာက္လုပ္ကုန္က်စရိတ္ကို ထပ္ေပးရတဲ့သေဘာ ျဖစ္ပါတယ္။

အရင္ တိုက္အေဟာင္းအခန္းဝယ္ယူခဲ့တုန္းက ေျမရွင္သေဘာတူလက္မွတ္ေရးထိုးထားတဲ့ စာခ်ဳပ္စာတမ္းမ်ားရွိေနတဲ့အတြက္ အခန္းပိုင္ရွင္ျဖစ္ေနေသးၿပီး အျပင္လူ ဝယ္တဲ့ေဈးအတိုင္း ေပးဖို႔ မလိုဘူးလို႔ သိရပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*