
ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင် အေးသီတာကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးလာကြတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေက အစ်မနေရာ၊ အမေနေရာ၊ အဒေါ်နေရာ၊ အိမ်အကူ
နေရာတွေကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန် လာပြီဖြစ်ပါတယ်။ ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ အေးသီတာက ယောကျာ်းအပေါ်တာဝန်မကျေသလို ခံစား
ရတဲ့အတွက် ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ပြောပြလာခဲ့တာပါ။ အေးသီတာက ”သမီးလေးရှိတော့ သူ့ကို ပြုစုပေးရတာနဲ့တင် အရမ်းပျော်တယ် အရုပ်ကလေး တစ်ရုပ်ကောက်ရသလိုပဲ အမရဲ့ တူတူမတွေအကုန်လုံးကလည်းသူ့ကိုချစ်ကြတယ်လေ အမျိုးတွေအကုန်လုံးကလည်း ချစ်ကြတယ်။ ကလေးကအရမ်းသိတာ ညဘက်အိပ်တဲ့အချိန်ဆိုအမတကယ်အိပ်တာလား အိပ်ချင်ယောင် ဆောင် တာလားဆိုတာ လာကြည့်တာ မျက်လုံးကို လာနှိုက်တာ အမကအမှန်အတိုင်း
ပြောရမယ်ဆိုရင် အသက်ကြီးသွားပြီဆိုတော့ ကလေးမရနိုင်တော့ဘူးလေ။ ကလေးမရနိုင်တော့တဲ့အချိန်မှာ ယောကျာ်းအတွက်တာဝန်မကျေသလိုခံစားရတယ် သူကလည်း အရမ်းချစ်တယ် အဲ့လိုအရမ်းချစ်တဲ့အခါကျတော့ သူ့အတွက် သားသမီးလေး
တစ်ယောက်မွေး ပေးလိုက်သလိုပဲ ကိုယ်တာဝန်ကျေသလို ခံစားရတာပေါ့။ ကလေးတာဝန်ကတော့ မနည်းတော့မနည်းဘူး။ အရမ်းတော့ ကြီးတယ် နောက်ရေရှည်အတွက်ပေါ့ အမတို့က အသက်ကြီးပြီလေ ဦးနှောက်နဲ့စဉ်းစားမယ်ဆိုရင်တော့
အဆင်မပြေနိုင်ဘူး အဲ့တော့ နှလုံးသားနဲ့ပဲ စဉ်းစားလိုက်တယ်။ ငါအသက်ရှင်ပြီး လုပ်နိုင်သေးတဲ့အချိန်မှာ ငါ့သမီးလေးကို အစွမ်းကုန် လိမ္မာယဉ်ကျေးအောင် ပြုစုမယ်ဆိုပြီး ရှင်ငြိမ်းမယ်နဲ့ ဆက်သွယ်ပြီး မွေးစားဖြစ်တာပါ” လို့ ပြောသွားခဲ့တာပဲဖြစ်ပါတယ်နော်။
အေးသီတာကတော့ ယောကျာ်းအပေါ်တာဝန်မကျေသလိုခံစားရတဲ့အတွက် ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်နော်။ အေးသီတာတို့မိသားစုလေး သာယာ လှပပါစေလို့ ဆုတောင်းပေးလိုက်ပါရစေနော်။
Leave a Reply