မြန်မာနိုင်ငံကို သူ့နိုင်ငံထက်ပိုချစ်ရတဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့ စီနွန်

မြန်မာကလူတွေ အများစုက မေးတယ်။ ကျတော်က ဘာလို့ ကျတော်နိုင်ငံထက် ဖိလစ်ပိုင်ထက်ပိုပီး ဘာလို့မြန်မာမှာ ဒီလိုတွေလာလုပ်ပေးနေတာလည်း မေးကြတယ်! ဘာလို့ မြန်မာ မဖြစ်ရမှာတုန်း? ကျတော်နိုင်ငံမှာ ကျတော်

ဒီလိုတွေ ဒီနည်း၎င်း ကျတော်လုပ်ပေးခဲ့တယ်။ အများစုက ကျတော့်ကို အပြစ်တင်တယ် အပြစ်ပြောတယ်။ ကျတော်လုပ်သမျှ အရာအားလုံးကိုပေါ့။ ကျဝောာ့်ရဲ့ မဟုတ်တဲ့မကောင်းတဲ့ သတင်းတွေကို Online တွေပေါ်မှာ ဖြန့်တယ်။ကျတော့်ဂုဏ်သက္ခာ ကျအောင်လုပ်ကြတယ်။ ကျတော့်ကို မလေးစားကြဘူး။ ပြီးတော့ ပြောကြသေးပါတယ်။ ကျတော်က ဘယ်တော့မှ ပြီးပြည့်စုံတဲ့သူတစ်ယောက် ဖြစ်လာမှမဟုတ်ဘူးတဲ့။ ကျတော့်အပေါ်ကို အမြဲမကောင်းမြင်တယ်။

မြန်မာမှာကျတော့ ကျတော့်ရဲ့နှလုံးသား ကျတော့်ရဲ့အိမ်အစစ်ကို ကျတော်ရှာတွေ့တယ်။ မြန်မာလူမျိုးတွေက မေတ္တာစိတ်အပြည့်နဲ့ အချင်းချင်းလေးစားမှု အပြည့်အဝရှိတယ်။ မိမိလုပ်ထားတဲ့ ကောင်းမှုကုသိုလ်တစ်ခုကို မျှဝေလိုက်တယ်

ဆိုရင် သူတို့ပါလိုက်ပီး ဝမ်းမြှောက်ဝမ်းသာ သာဓု ခေါ်ကြတယ်။ မြန်မာလူမျိုးတွေက အမုန်းစကားတွေအစား ငြိမ်းချမ်းတဲ့စကား အချစ်ပွားစေတဲ့စကားတွေဘဲ ပြောကြတယ်။ အချင်းချင်း ရိုင်းပင်းကူညီကြတယ်။ လူသားအချင်းချင်း

စာနာကြတယ်။ အဲ့တာကြောင့်ဘဲ မြန်မာကို ပိုပီးချစ်တာဖြစ်တယ်။ ကျတော့်ရဲ့အိမ်လို့ဘဲ သဘောထားတယ်။ ပြီးတော့ ကျတော့်ဘဝတစ်လျောက်လုံး မြန်မာကိုချစ်သွားမယ်။ ကျတော့်နှလုံးသားအတွက်တော့ မြန်မာက ထာဝရအိမ်ဘဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*