မဆုံးခင် ရက်ပိုင်းအလိုက ဆေးရုံပေါ်မှာပဲ သီချင်းသစ်တစ်ပုဒ်ကို ဖုန်းနဲ့အသံသွင်းခဲ့ပြီး ပရိသတ်တွေအတွက် ချန်ရစ်ခဲ့တဲ့ မီးမီးခဲ

ဂီတမှူး၊ တေးရေးဆရာ စောဘွဲ့မှူးရဲ့ သမီးဖြစ်သူ မီးမီးခဲကတော့ ဖခင်ဖြစ်သူရဲ့ ခြေရာကိုနင်းပြီး သီချင်းတွေသီဆိုခဲ့ရာ ဂီတလောကမှာ တောက်ပတဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာတစ်ခုက မီးမီးခဲက မနေ့က အောက်တိုဘာလ (၁၆) ရက်နေ့မှာပဲ ကင်ဆာရောဂါအခံကြောင့် ဆေးရုံပေါ်မှာ ဆေးကုသမှုခံယူနေရင်းနဲ့ပဲ ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။

မီးမီးခဲက ဂီတကို ဝါသနာကြီးသူတစ်ယောက်ပီပီ မကွယ်လွန်မီရက်ပိုင်းအလိုက ဆေးရုံပေါ်မှာပဲ သီချင်းသစ်တစ်ပုဒ်ကို ဖုန်းလေးနဲ့ အသံသွင်းခဲ့တယ်လို့ သိရပါတယ်။

“မီးခဲ…မဆုံးခင် ရက်ပိုင်းအလိုမှာ ဆရာဒေါမနစ် ဆီကသီချင်းလေးတစ်ပုဒ်တောင်းခဲ့ပြီး ကျွန်တော့်ကိုစီစဉ်ပေးဖို့ပြောခဲ့လို့ Mung Pi ကိုတီးခိုင်းပြီး ပြန်ပို့ပေးခဲ့တယ်။ သူအိမ်ပြန်ရောက်တဲ့ခါ သေချာဆိုမယ်ဆိုပြီး စီစဉ်ထားပေမယ့် ရောဂါပိုဆိုးလာလို့ ဆရာဝန်ကအိမ်ပေးမပြန်တော့ဘူး။ ဒါကြောင့် ဖုန်းလေးနဲ့ ဆေးရုံပေါ်မှာ သူအကြမ်းဆိုထားခဲ့တာလေးပဲကျန်ခဲ့ပါတယ်။

ကိုအောင်ဒူး ကို Mixing ဆွဲပေးဖို့ ပြောထားပါတယ်။ ဒီသီချင်းလေးက သူ့အတွက် နောက်ဆုံး(နောက်ဆုံး )ဆိုခဲ့တဲ့ သီချင်းလေးအဖြစ် ကျန်နေခဲ့မှာပါ။ အားလုံးပြီးတဲ့အခါ သူ့အမျိုးသား Brice သူဆန္ဒရှိသလို ထုတ်လွှင့်ဖို့ ပြန်ပို့ပေးသွားပါမယ်…” ဆိုပြီး တေးရေးစံပီးက ပြောထားပါတယ်။

မီးမီးခဲကတော့ မကွယ်လွန်ခင်အချိန်လေးမှာတော့ ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ်ကို ကြိုးစားပြီး အသံသွင်းခဲ့တာပဲ ဖြစ်ပါတယ်။

မီးမီးခဲရဲ့ အမျိုးသားကသာ သီချင်းကို ထုတ်လုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီသီချင်လေးကို ပရိသတ်တွေ နားဆင်ရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*