
အပျိုကြီး မမ တစ်ယောက်ဟာ သူ့ မွေးနေ့အတွက် အကောင်းစား ဟိုတယ် တစ်ခုမှာ တစ်ယောက်တည်း ဇိမ်ကျကျ သွားတည်းပြီး ကုန်ဆုံး စေလိုက်ပါတယ် ။
နောက်တစ်နေ့မှာ ဟိုတယ် ကနေ ပြန်ဖို့ ငွေရှင်းတော့ အခန်းခ က ဒေါ်လာ ၂၅၀ တောင် ဖြစ်နေတယ် ။
အဲ့ဒါနဲ့ ဈေးအရမ်း များနေတာမို့ အပျိုကြီး က ဟိုတယ် ဝန်ထမ်း နဲ့ အငြင်းအခုံဖြစ် စကားများနေတဲ့ အချိန်မှာပဲ ပြသနာကို ဖြေရှင်းဖို့အတွက် ဟိုတယ် မန်နေဂျာ ရောက်လာတယ်။
မန်နေဂျာ က
“ကျွန်တော်တို့ ဟိုတယ် မှာ ဧည့်သည် အတွက် ပေးထားတဲ့ ဝန်ဆောင်မှု တွေ အများကြီးပဲလေ .. အစ်မကြီးရယ်။ Spa ၊ ရေကူးကန်၊ အားကစား ခန်းမ တွေကို အခမဲ့ အသုံးပြုလို့ရပါတယ် အဲဒီအတွက် ဝန်ဆောင်ခတွေကို အခန်းခထဲမှာ ထည့်ပေါင်းထားပြီးသားပါခင်ဗျာ”
ထိုအခါ အပျိုကြီး က
“ဒါပေမဲ့ ကျွန်မ အဲဒါတွေကို တစ်ခုမှ မသုံးဘူးလေ။ ဒီတော့ ဘာလို့ အဲ့ဒါတွေအတွက် ပိုက်ဆံ ပေးရမှာလဲ”
မန်နေဂျာ –
“ဒါကတော့ အစ်မကြီး အမှားပဲလေ။ သုံးသုံး မသုံးသုံး ပေးရမှာပါခင်ဗျာ ”
မန်နေဂျာ စကားအဆုံးမှာ အမျိုးသမီး က ဒေါ်လာ ၅၀ တန် ချက်လက်မှတ် တစ်စောင်ကို လှမ်းပေးလိုက်တယ်
မန်နေဂျာ က
“အခန်းခ က ဒေါ်လာ ၅၀ မဟုတ်ဘူး ခင်ဗျ ဒေါ်လာ ၂၅၀ ပါ”
“ဟုတ်ပါတယ်။ ဒေါ်လာ ၂၀၀ နုတ်လိုက်တာက ကျွန်မ နဲ့ တစ်ည လာအိပ်ခက ဒေါ်လာ ၂၀၀ မို့ပါ”
“အစ်မကြီး နဲ့ ဘယ်သူမှ လာမှ မအိပ်တာ”
ထိုအခါ အပျိုကြီး က
“ဒါကတော့ ရှင့်အမှားပဲလေ တစ်ညလုံး ဒီ ဟိုတယ် က အခန်းထဲမှာ ကျမ ရှိနေတာ ၊ရှင် သိနေတာပဲလေ ရှင့်ဟာရှင် လာမအိပ်တာ. အဲဒီအတွက် ကျွန်မ စိတ်မကောင်းပါဘူး သွားလိုက်အုန်းမယ် နော် ”
” ငှဲ ”
Leave a Reply