
အတိတ်ဘဝက ချစ်သူတွေဖြစ်ခဲ့သည်ဟု ယုံကြည်၍ အမြွှာမောင်နှမကို မိဘများကလက်ထပ်ပေး
ဒီဖြစ်ရပ်ကတော့ ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ သုံးနှစ်အရွယ်သာရှိသေးသော အမြွှာမောင်နှကို ယခင်အတိတ်ဘဝက ချစ်သူတွေဖြစ်ခဲ့ကြတယ်ဆိုပြီး မိဘနှစ်ပါးက လက်ထပ်ပေးခဲ့တာပဲဖြစ်ပါတယ်။ လက်ထပ်ပွဲကို အမှန်တကယ်မင်္ဂလာဆောင်သည့်အတိုင်း ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဧည့်ပရိသတ်အချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ အသက်ကလည်းမပြည့်သေးသလို မောင်နှမလည်း ဖြစ်နေတာကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး ဝေဖန်မှုတွေလည်း ရှိနေသလို စိတ်ဝင်စားမှုမြင့်တက်လျက်ရှိတယ်လို့သိရပါတယ်။
အမြွှာမောင်နှမရဲ့ မိဘတွေကတော့
မိမိသား သမီးနှစ်ဦးသည် အတိတ်ဘဝတွင်
ချစ်သူ များဖြစ်ခဲ့ကြသော်လည်း အဖြစ်ဆိုး ကြောင့် တစ်ကွဲတပြားစီ ဖြစ်သွားခဲ့ရ ကြောင်း၊ ထို့ကြောင့် ယခုဘဝတွင် အမြွှာ အဖြစ်ပြန်
လည်ဝင်စားခြင်းဖြစ်ကြောင်း၊ ၎င်းတို့လက်မထပ်ပါက တစ်ဦးဦးသည်
သေဆုံးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့နှစ်ဦး ယခုဘဝတွင်လည်း တစ်ဦး နှင့်တစ်ဦး မေတ္တာရှိနေသေးကြောင်း နတ်ဘုရားများ သိစေရန် လက်ထပ်
ထိမ်း မြားပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Leave a Reply