မြန်မာပိုင် ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူနှင့်ပတ်သတ်ပြီး သတိထားရမဲ့အချက်နှစ်ချက်ရှိပါတယ်

မင်းရဲသိင်္ခသူနှင့်ပတ်သတ်ပြီး သတိထားရမဲ့အချက်နှစ်ချက်ရှိပါတယ်

ပထမအချက်က အသံတိတ်ဆိတ်လွန်းတဲ့ရေငုပ်သင်္ဘောမျိုးဆက်ထဲမှာပါနေတာကြောင့်ဖြစ်ပြီး ဒုတိယအချက်ကတော့ လွန်ခဲ့သော (၁၀)စုနှစ်ဝန်းကျင်လောက်ကတည်းက ဒုံးပျံပစ်လွှတ်နိုင်အောင် ရုရှားမှာပြန်အဆင့်မြင့်တင်ထားတဲ့အချက်ပဲဖြစ်ပါတယ် ။ အဲ့အချိန်ကတည်းက မင်းရဲသိင်္ခသူအနေဖြင့် သင်္ဘောဖျက်ဒုံးပျံအမျိုးအစားကိုအသုံးပြုနိုင်တဲ့ ရေငုပ်သင်္ဘောတစ်စီးဖြစ်နေခဲ့ပြီးပါပြီ

ခေတ်ဟောင်းအမျိုးအစားဖြစ်တာကြောင့် မျိုးဆက်သစ်ကီလိုအမျိုးအစားရေငုပ်သင်္ဘောတွေလောက်အသံတိတ်ဆိတ်မှုမရှိပေမဲ့လည်း ဆိုနာလိုစနစ်မျိုးကအစ Control စနစ်အတော်များများအထိ အသစ်များပြောင်းလဲတပ်ဆင်ထားကြောင်းသိရပါတယ် ။Dive cycle လည်းအပြည့်ရရှိတဲ့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ စစ်ဆင်ရေးတာဝန်များကိုထမ်းဆောင်နိုင်စွမ်းရှိနေမှာဖြစ်ပါတယ်

ရေအောက်အနက် မီတာ(၄၀)လောက်ကနေ ရေပေါ်မတတ်ပဲ အသံတိတ်သင်္ဘောဖျက်ဒုံးပျံပစ်လွှတ်တိုက်ခိုက်နိုင်တဲ့စွမ်းရည်က အတော်လေးသတိထားရမဲ့အချက်အဖြစ်ရှိနေပါတယ် ။အိန္ဒိယအနေဖြင့် အထက်ပါစွမ်းရည်ကို Limit ပြုလုပ်ထားလိမ့်မည်ဟုမထင်ပါ ။မင်းရဲသိင်္ခသူဖြင့်တွဲဖက်အသုံးပြုနိုင်တဲ့ သင်္ဘောဖျက်ဒုံးပျံအမျိုးအစားကတော့ ရုရှားထုတ်နာမည်ကြီးသင်္ဘောဖျက်ဒုံးပျံအမျိုးအစားဖြစ်တဲ့ 3M54E Kalibr အမျိုးအစားပဲဖြစ်ပါတယ်

ပြည်ပသုံးကိုတော့ အကွာအဝေးလျှော့ချထားတဲ့အမျိုးအစားသာရောင်းချခွင့်ရှိသော်လည်း ပစ်ခတ်နိုင်တဲ့ကီလိုမီတာ (၂၂၀)အကွာအဝေးကနည်းတယ်ဆိုဖွယ်ရာမရှိပါဘူး  JF တွေပေါ်က C-802AK တွေဖြင့်တွဲဖက်လိုက်ရင်အတော်လေးမိုက်တဲ့ Concept ပဲဖြစ်ပါတယ် ။Flight path တစ်ခုလုံးက အမြင့် (၁၀-၁၅)မီတာအတွင်းကနေသာပျံသန်းတဲ့အတွက် အတော်လေးအန္တရာယ်ရှိတဲ့ဒုံးပျံတစ်စင်းပဲဖြစ်ပါတယ်

Terminal phase မရောက်ခင်အထိအထက်ပါ အမြင့်ပေအတွင်းကနေသာ Subsonic speed ဖြင့်တောက်လျှောက်ပျံသန်းပြီး Terminal phase ရောက်တဲ့အခါ ပစ်မှတ်ကို Lock ချပြီးတဲ့နောက် (၁၀)မီတာအတွင်းနိမ့်ဆင်းပြီး (2.9mach) မြန်နှုန်းရှိတဲ့ Supersonic speed ဖြင့် ကြိုတင်သတ်မှတ်ပေးထားတဲ့ ပျံသန်းမှုပုံစံအတိုင်းပစ်မှတ်ကိုအရှိန်ခပ်ပြင်းပြင်းဖြင့်ဝင်ဆောင့်သွားမှာဖြစ်ပါတယ်

ဒါ့ကြောင့်အတော်လေးကိုချိန်းခြောက်မှုပေးနိုင်တဲ့လက်နက်စနစ်တစ်ခုအဖြစ်တည်ရှိနေတာဖြစ်ပါတယ် ။လက်ရှိ မင်းရဲသိင်္ခသူ ရောက်ရှိလာခြင်းနှင့်အတူ MN အတွက် Anti submarine warfare ကိုသေချာစွာပေါင်းစပ်လေ့ကျင့်နိုင်တဲ့အားသာချက်ကိုရရှိလာခဲ့ပြီလည်းဖြစ်ပါတယ် ။သူများတွေ ခြေလှမ်းရပ်နားထားရတဲ့အချိန်မျိုးမှာ ကိုယ်တွေက ခြေလှမ်းဆက်လှမ်းခွင့်ရနေသေးတာဟာ အတော်လေးကိုမှ အကျိုးအများကြီးရှိစေပါတယ် ။

လိပ်လို ဖြည်းဖြည်းမှန်မှန်သွားနေယုံပါပဲ

Be the first to comment

Leave a Reply

Your email address will not be published.


*