ဂျပန်အင်တာနက်သုံးစွဲသူတွေကြား နာမည်ကြီးနေတဲ့ ထိုင်ဝမ် မိန်းကလေးတစ်ဦး

ကမ္ဘာတစ်ဝှမ်းကို လှည့်လည်သွားလာနေတဲ့ ထိုင်ဝမ်မိန်းကလေးဟာ ဂျပန်အင်တာနက်သုံးစွဲသူတွေကြား တစ်ခဏတွင်း နာမည်ကြီးသွားခဲ့ပါတယ်။ မော်ဒယ် Hebbe Cheng လို့သိရပြီး သူမရဲ့ချစ်စရာကောင်းတဲ့ အပြုံးလေးတွေဟာ လူမှုကွန်ရက်မှာ လေလှိုင်းတဖွယ်ရိုက်ခတ်ခဲ့ပါတယ်။

သူမဟာ ထိုင်ဝမ်မှာနေထိုင်ပေမယ့် ဂျပန်မှာတော့ သူမရဲ့ပရိသတ်တွေအများကြီးရှိတယ်လို့ SoraNews24 အရသိရပါတယ်။ သူမပုံတွေအောက်မှာလည်း သူမကိုချစ်တဲ့ ကွန်မန့်တွေသာ ဝင်ပေးထားကြောင်းတွေ့ရပါတယ်။

Cheng ဟာ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ သြစတေးလျတို့ကို အလည်ပတ်သွားရောက်ခဲ့ပြီး သူမရဲ့ချစ်စရာကောင်းတဲ့ အလှဓာတ်ပုံလေးတွေလည်း များစွာရိုက်ကူးခဲ့ပါတယ်။

အောက်မှာသူမရဲ့ လှပတဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*