
တရုတ်ပြည်မှ လူငယ်စုံတွဲလင်မယားဟာ နေ့နေ့ညည ဂိမ်းစွဲနေပြီး နောက်ဆုံးမှာတော့ သူတို့ရဲ့ ကလေးသုံးယောက်ကိုပါ ဂိမ်းဖိုးငွေရဖို့ ရောင်းစားခဲ့ပါတယ်။
Li Lin နဲ့ Li Juan တို့ဟာ ၂ဝဝရခုနှစ်မှာ အင်တာနက်ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ဆုံခဲ့ကြပါတယ်။ မကြာခင်မှာပဲ သူတို့နှစ်ယောက်ဟာ ချစ်ကျွမ်းဝင်ခဲ့ပြီး တူတူနေထိုင်ကာ အင်တာနက်ကော်ဖီဆိုင်တွေမှာ ဂိမ်းကစားရင်းနဲ့ အချိန်တွေကုန်ခဲ့ပါတယ်။ ၂၀၀၈ခုနှစ်မှာ သူတို့ရဲ့ပထမဆုံးကလေးကို မွေးခဲ့ပြီးနောက် ကလေးကိုဂရုမစိုက်ဘဲ ဂိမ်းသွားကစားနေခဲ့ပါတယ်။ ကလေးကို သူတို့ရဲ့ မိဘဖြစ်သူတွေကနေ ကျွေးမွေးစောင့်ရှောက်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
Lin နဲ့ Juan ဟာ သူတို့ရဲ့ ပထမနဲ့ တတိယ ကလေးနှစ်ယောက်ကို ဒေါ်လာ ၄၆၀၀ နဲ့ ရောင်းစားခဲ့ပြီးနောက် နောက်ဆုံးကျန်တဲ့ ဒုတိယမြောက်ကလေးကိုတော့ ဒေါ်လာ ဒေါ်လာ၅ဝဝနဲ့ ရောင်းစားခဲ့ပါတယ်။ သူတို့ရဲ့သွေးသားကို ဘာလို် ့ ဒီလိုရောင်းစားရက်တာလဲဆိုတာကို မေးတဲ့အခါ သူတို့ရဲ့ကလေးတွေကို ကြီးပြင်းတဲ့အထိ မစောင့်ရှောက်ချင်ဘဲ ပိုက်ဆံလိုချင်လို့သာ မွေးထားတာဖြစ်ကြောင်းပြန်လည်ပြောဆိုခဲ့ပါတယ်။
Leave a Reply