အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့တဲ့ ပန်းရောင်ခြယ်


အဆိုကောင်းရုံသာမဟုတ်ဘဲ သရုပ်ဆောင်တဲ့နေရာမှာလည်း ထူးချွန်သူကတော့ အဆိုတော် ဂရေဟမ်ရဲ့ သမီးချောလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်။ သူမဟာ ဂီတလောကမှတစ်ဆင့် သရုပ်ဆောင်ဘက်ကို ကူးပြောင်းခဲ့ရာမှာတွင်လည်း ပရိသတ်တွေ အားပေးမှုကို အထူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” လိပ်ပြာ ” ဇာတ်လမ်းတွဲနဲ့လည်း ပြည်ပနိုင်ငံက ချီးမြှင့်တဲ့ အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြန်ပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင် နာရီပိုင်းလောက်ကလည်း ပန်းရောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလိုပဲ ရေးသား ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ” ဒီနှစ် Asian Academy Creative Awards အတွက် ပန်း​​ရောင် Best Actress In A Leading Role (အ​ကောင်းဆုံးအမျိုးသမီးဇာတ်​ဆောင်ဆု) National Winner ဖြစ်ခွင့်ရတဲ့အတွက် အရမ်း​ပျော်ရွှင်မိပါတယ် ။ ဒီ အာရှအနုပညာတီထွင်ဖန်တီးမှုအကယ်ဒမီဆု​ချီးမြှင့်ပွဲ မှာ “လိပ်ပြာ” က 4 National Wins ရရှိထားပါတယ် – Best Drama Series, Best Cinematography, Best Theme Song နဲ့ Best Actress In A Leading Role ပါ။

တခြား​​သော အာရှနိုင်ငံမှ ရုပ်သံဇတ်လမ်းများနဲ့အတူ ပန်း​ရောင်တို့က အာရှမှာ အ​ကောင်းဆုံးဇတ်လမ်းတွဲဆု၊ အ​ကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆု၊ အ​ကောင်းဆုံးရုပ်ရှင်ဇာတ်ဝင်​တေးဆု နဲ့ အ​ကောင်းဆုံးအမျိုးသမီးဇာတ်​ဆောင်ဆု တို့ကို မြန်မာနိုင်ငံကိုယ်စားပြုရင်း ဆန်ကာတင်စာရင်းဝင်သွားပြီဖြစ်ပါတယ်။ ဆု​ပေးပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ “လိပ်ပြာ” အဖွဲ့သား​တွေနဲ့အတူ ဂုဏ်ယူရပါတယ် အားလုံးကို ​ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ဒါ ပန်း​ရောင်ရဲ့ ပထမဦးဆုံးရုပ်ရှင် နဲ့ ပထမဦးဆုံး nomination ပါ။ အများကြီးဆက်ကြိုးစားရပါဦးမယ် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*