ရန်မဖြစ်ပဲ အရမ်းချစ်ပေးလွန်းလို့ ခင်ပွန်းကို ကွာရှင်းခွင့် တောင်းခဲ့တဲ့ အမျိုးသမီး

အိမ်ထောင်ရေး တည်မြဲဖို့ ဆိုတာကလည်း ထင် သ လောက် လွယ်တဲ့ ကိစ္စ တော့ မဟုတ်ပါဘူး။အိမ် ထောင် ရေးပြိုကွဲ ရတဲ့ အ ကြောင်းအရင်းေ တွ အများကြီး ရှိပါတယ်။ထူးထူးဆန်းဆန်း အ ကြောင်းပြချက် တွေနဲ့ လမ်းခွဲ ခဲ့တဲ့ သူတွေ ထဲမှာတော့ အခု ဖော်ပြ ပေးမယ့် အိန္ဒိယ အမျိုးသမီးရဲ့ အဖြစ်က ပို ထူးဆန်း နေပါတယ်။

ကွာရှင်းချင်တဲ့ အမျိုးသမီး အများစုက ခင်ပွန်း က သူတို့ အ ပေါ် မ ကောင်းလို့ ကွာရှင်းချင်တာပါ။ ဒါပေမယ့် သူမက တော့ အဲ့ဒါနဲ့ ပြောင်းပြန်ပါ။သူမ အ ပေါ် အရမ်း ကောင်းလွန်းလို့ ဆက်မ ပေါင်းနိုင်တော့ပဲ ကွာရှင်းချင်တာပါ။ဒီအ ကြောင်းကိုတော့ Asia One နဲ့ odditycentral မှာ ဖော်ပြ ထားပါတယ်။

အိန္ဒိယနိုင်ငံ Uttar Pradesh ပြည်နယ်၊ Sambhal ခရိုင်က အမည် မ ဖော်လိုတဲ့ အမျိုးသမီး တစ်ယောက် က တော့ Sambhal Sharia တရားရုံးကို ခင်ပွန်းနဲ့ ဆက်မ ပေါင်း သင်းနိုင်လို့ ကွာရှင်း ဖို့ တောင်း ဆိုခဲ့ ပါတယ်။ အိမ် ထောင် သက်က တော့ (၁၈) လပါ။ဘာေ ကြာင့် ကွာရှင်းချင်ရလဲ ဆို တော့. သူမ အ ပေါ် အရမ်း ချစ် ပေးလွန်း၊ဂရုစိုက် ပေးလွန်း ၊သူမ အ ပေါ် ကောင်း ပေး လွန်းလို့ မ ပေါင်းချင် တော့တာ လု့ိ ဆိုပါတယ်။

အရမ်းချစ်လွန်းတာ ကြောင့် အိမ် ထောင် သက်တစ်လျောက်မှာ ရန်ဖြစ် အော်ဟစ် တာ မျိုး လည်း မရှိခဲ့ေ ကြာင်း၊သူမ ဘာအမှားပဲ လုပ်လုပ် ခွင့် လွှတ် ပေးနေတဲ့ ဒီ အချစ်တွေ က သူမ အတွက် အဆင် မ ပြေ တာကြောင့် လမ်းခွဲ ချင် ခဲ့တာပါ။
အဆိုးဆုံး က တော့ ခင်ပွန်းဖြစ်သူက သူမ ကို ချက်ပြုတ် ကျွေး တဲ့ အပြင် အိမ် သန့်ရှင်းရေးနဲ့ တခြား အိမ် အလုပ်တွေကိုပါ လိုက်လုပ် ပေး နေတာပဲ လို့ လည်း အဲ့ဒီ အမျိုးသမီးက ပြောခဲ့ပါတယ်။ “သူက ဘာ ကိစ္စ နဲ့ မှ ကျမ ကို မ အော်ဘူး။ကျမနဲ့ ရန်မ ဖြစ်ဘူး။ကျမ အတွက် ချက်ပြုတ် ကျွေး၊အိမ်မှု ကိစ္စ တွေ ပါ သူက ကူလိုက် သေးတယ်။

ကျမ ဘာ အမှားပဲ လုပ်လုပ် ကျမ ကို ခွင့်လွှတ် ပေးနေတယ်။ကျမ သူနဲ့ ရန်ဖြစ် စကား များ ချင်တယ်၊ကျမ နဲ့ အရာအားလုံး သ ဘောထားကိုက်ညီ နေတဲ့ ခင်ပွန်း တစ်ယောက် ကို ပိုင်ဆိုင်ထားတဲ့ ဘ၀ မျိုး ကျမ မလို ချင်ဘူး..” လို့ ပြောခဲ့ပါတယ်။အမျိုးသမီး ရဲ့ အ ကြောင်းပြချက် တွေကို ကြား တော့ တရားရုံးက လူကြီးတွေ တောင်မှ ဘာပြန် ပြောရမှန်းမ သိေ အာင် ဆွံ့ အ ကုန် ကြပါတယ်။

သူမရဲ့ တောင်းဆိုချက် ကိုလည်း ချက်ချင်းပဲ ငြင်း ဆိုခဲ့ ကာ ဇနီးမောင်နှံ အချင်းချင်းညှိနှိုင်း ဖို့ တရားရုံးဘက်က ပြန် ပြော ခဲ့ပါတယ်။ဒါပေမယ့် လည်း အမျိုးသမီး က တော့ ဘယ်လို မှ မကျေနပ် နိုင်ပဲ ရွာ ကောင် စီ ကို သွားခဲ့ပါတယ်။
ဒါပေမယ့် ဟို ရောက် တော့လည်း သူမ ရဲ့ အ ကြောင်းပြချက်တွေကို ကြားပြီး ကွာရှင်းပေးဖို့ ကို ငြင်းဆိုခဲ့ပါတယ်။

ဟိန္ဒူ သတင်းစာ Dainik Jagran ရဲ့ မှာတော့ ခင်ပွန်း ဖြစ်သူရဲ့ ခံစားချက်ကို ဖော်ပြ ခဲ့ပါတယ်။ဇနီးကို အလို လိုက်၊ရန်မ ဖြစ် စကားမများပဲ ချက်ပြုတ် ကျွေး နေ တာတွေ နဲ့ ပတ်သက်ပြီး ..သူ့ဘက်က တော့ ဘာမှ အမှားလုပ် မထားဘူး။ခင်ပွန်း ကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တာပဲ ရှိတယ်လို့ ပြောခဲ့ပါတယ်။ဒီလို အ ကြောင်းပြချက် ကြောင့် ယောက်ျားကို ကွာရှင်းချင်တဲ့ မိန်းမ မျိုး အရင်ကလဲ ရှိခဲ့ ဖူးပါတယ်။(၂၀၁၉) တုန်းကလည်း UAE မှာ အလားတူ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*