ကမ္ဘာကျော်မင်းသားတွေနဲ့အတူတူ Tccandler ရဲ့ The Most Handsome Face Of 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဆန်ကာတင်စာရင်းဝင်နိုင်ခဲ့တဲ့ ပိုင်တံခွန်

မင်းသားချော ပိုင်တံခွန်ကတော့ ရှည်လျားတဲ့အရပ်အမောင်း၊ ယောကျာ်းဆန်ပြီး အနေအထိုင်တည်ကြည်လွန်းတာမို့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားနိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ကတော့ ပြည်တွင်းက ပရိသတ်တွေရဲ့ အားပေးခြင်းကိုသာမကပဲ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုစတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေဆီမှာပါ အားပေးသူ ပရိသတ် အများအပြားကို ရရှိပိုင်ဆိုင်ထားပြီး ပြည်ပနိုင်ငံတွေအထိ ထိုးဖောက်အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကမ္ဘာကသိတဲ့ မြန်မာမင်းသားအဖြစ် နိုင်ငံ့ဂုဏ်ကို ထမ်းဆောင်နိုင်ခဲ့တဲ့ ပိုင်တံခွန်က ဒီတစ်ခါမှာလည်း မြန်မာပရိသတ်တွေ ဂုဏ်ယူစရာအကြောင်းအရာတစ်ခုကို သယ်ဆောင်လာပြန်ပါပြီ။

Tccandler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာကျော်မင်းသားတွေဖြစ်တဲ့ Jason Momoa, Chris Evans, Keanu Reeves, Leonardo Dicaprio, Tom Cruise Michele Morrone, Lucas Bravo တို့နဲ့အတူတူ အာရှတိုက်ရဲ့ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Park Seo Joon, Kim Soo Hyun, Hyun Bin, Metawin Opas Iamkjorn, Bright, Wang Yibo, Fawad Khan စတဲ့ မင်းသားတွေပါဝင်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ကတော့ ပိုင်တံခွန်တစ်ယောက်တည်းသာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ The Most Handsome Face Of 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆန်ကာတင်စာရင်းဝင်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ကိုယ့်နိုင်ငံက မင်းသားချောတစ်ယောက်အနေနဲ့ ပထမဦးဆုံး ပါဝင်လာတဲ့ ပိုင်တံခွန်ကို Tccandler ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ သွားရောက်ဝန်းရံပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

TC Candler ရဲ့ The most handsome faces of 2020 မှာ နိုင်ငံတကာ အနုပညာတွေနဲ့အတူ Nominee ဝင်လာတဲ့ မြန်မာမင်းသား ပိုင်တံခွန်ကို Vote ပေးချင်တဲ့ ချစ်ကလေးတွေ အောက်က link လေးမှာ ဝန်းရံပေးကြပါအုံးလို့စ်

Original Link https://www.instagram.com/p/CGS1uELHlKF/?igshid=2ddmnzi59q3h

Original Post မှာလဲ အားလုံးက ပိုင်တံခွန်ကို အားပေးနေတာ မြင်ရတာ တကယ် ကျေနပ်စရာမို့❣️

Be the first to comment

Leave a Reply

Your email address will not be published.


*