တေးသံရှင် မီးမီးခဲ ယနေ့ ကွယ်လွန်


အဆိုတော် မီးမီးခဲ ယနေ့ (အောက်တိုဘာလ ၁၆ ရက်) တွင် ကွယ်လွန်သွားပြီဟု သိရကြောင်း ဂီတမှူး (ဦး) နိုင်ဇော် က ပြည်မြန်မာ ကို အတည်ပြု ပြောကြားခဲ့ကာ မီးမီးခဲ နှင့် ပတ်သက်၍ အနုပညာရှင် များကလည်း လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဝမ်းနည်းကြောင်းများ ရေးသားနေကြသည်ကို တွေ့မြင်ရသည်။

“မီးမီးခဲတို့ တီးဝိုင်းက အရင် မန်နေဂျာ က (လူမှုကွန်ယက်မှာ) တင်တယ်။ သြဇီ မှာ လွန်ခဲ့တဲ့ နာရီဝက်က ဆုံးသွားတယ် ဆိုတော့ သူကျတော့ ကျွန်တော် မေးစရာ မလိုဘူး။ သူနဲ့​ကျွန်တော် နဲ့ က Facebook Friend ဆိုတော့ သူပြောတာကျ ကျွန်တော် ယုံလိုက်တယ်” ဟု ၄င်းက ဆိုသည်။
အဆိုတော် မီးမီးခဲသည် ကင်ဆာ ဝေဒနာ ကို ခံစားနေရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ကျွန်တော်တို့ချစ်တဲ့ မီးမီးခဲ..Australia Time 9:31 pm မှာ ခရစ်တော်၌အိပ်ပျော်သွားပါပြီ။မဆုံးခင်ဆုတောင်းပေးခွင့်ရခဲ့ပါတယ်။R I P

Posted by Sangpi on Friday, October 16, 2020