တရားစခန်းမှာ လှေကားအမြင့်(၁၀)ပေ အထက်ကနေ ပြုတ်ကျခဲ့လို့ မသေရုံတမယ်ဖြစ်ခဲ့ရပုံကို ပြောပြလာတဲ့ စိုးသူ

ပရိသတ်ကြီးရေ အကယ်ဒမီစိုးသူကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်နော်။စိုးသူက ချောမောခန့်ညားတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားလို့ နှုတ်ခမ်းနီမလေးတွေက သည်းသည်းလှုပ်အားပေးနေကြတာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ စိုးသူက ဘာသာတရားကိုင်းရှိုင်းပြီး တရားစခန်းတွေဝင်နေတာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ စိုးသူက မနှစ်ကတရားစခန်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကို ရေးသားမျှဝေလာတာဖြစ်ပါတယ်။

စိုးသူက”ဒီနေ့ အတွေးထဲ ရောက်လာပြီး အမှန်တကယ် ကိုယ်တိုင်ကြုံခဲ့တဲ့ အဖြစ်အပျက်လေး တကယ်တမ်းသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် သေပြီးသွားတာ တစ်နှစ်တိတိပြည့်ဖို့ တစ်နာရီလောက်ပဲ လိုတော့တာခင်ဗျ … မြတ်ဗုဒ္ဓရဲ့မဟာကရုဏာနဲ့အဆုံးအမ၊အနန္တောအနန္တငါးပါး ခင်ပွန်းကြီးဆယ်ပါး နဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ ထားဆရာများအားလုံး အားလုံးရဲ့သွန်သင်ညွှန်ပြမှု ကျေးဇူးတရားတွေကြောင့် “ယောနိဿော မနဿီကာရ”သင့်တင့်လျောက်ပါတ် မှန်ကန်သော နှလုံးသွင်းမှုရှိရမည် ဆိုတဲ့အတိုင်း ကြိုးစားနေရဆဲပါပဲအဲ့လို နှလုံးသွင်းထားတဲ့အတွက် အခုဟာက နောင်တတဖန် ပြန်ပူပန်နေတာမျိုးမဟုတ်ဘဲကိုယ်တိုင် ကိုယ့်ဟာကိုယ် သံဝေဂဖြစ်မိတာလေးပါ”

“တကယ်တမ်းသာ ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော် သေပြီးသွားတာ တစ်နှစ်တိတိပြည့်ဖို့တစ်နာရီလောက်ပဲ လိုတော့တာပါ (မနှစ်က မျှော်လင့်မထားပဲ ဖြစ်သွားခဲ့တဲ့ တရားစခန်းမှာ လှေကားအမြင့် ၁၀ပေ အထက်ကပြုတ်ကျခဲ့တာကို ဆိုလိုပါတယ်ခင်ဗျာ)ဒါတောင် သစ္စာရွှေစည်ဆရာတော်ဘုရားရဲ့အေးမြတဲ့ ဓမ္မအရိပ်ရှိတဲ့နေရာ သူတော်ကောင်းတွေစုပြီး ဒါန သီလ ဘာဝနာ ကောင်းမှုကုသိုလ်တွေ ဆောင်ရွက်နေကြတဲ့နေရာ ကျွန်တော်လည်း တရားစခန်းဝင်ဖို့ သွားခဲ့တာမို့သာပေါ့ မဟုတ်ရင်တော့ သေခြင်းတရားဆိုတာ ကွေးသောလက် မဆန့်ခင်ဆန့်သောလက် မကွေးခင် ဆိုတဲ့အတိုင်း အချိန် နေရာ

အကြောင်းအရာ မရွေးဘဲချက်ချင်းရောက်လာတတ်တာမျိုးဆိုတော့ …ပြည်တွင်းပြည်ပက မြန်မာပြည်သူပြည်သားအားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံးကပ်ဘေးဆိုးတွေက အမြန်ဆုံး ကင်းစင်ပပျောက်နိုင်ကြပြီးသက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်ဝနိုင်ကြပါစေခင်ဗျား”ဆိုပြီး ရေးသားပြောပြလာပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*