
ရုရှတပ်နီတော် (Red Army) မှာ တာဝန် ထမ်းဆောင်နေကြတဲ့ စစ်သမီးတွေ ဖြစ်ပါတယ်။
စစ်သမီးတွေဟာ သာမန် လက်နက်ကိုင်တပ် (conventional armed force) တွေမှာ တာဝန်ထမ်းဆောင်တဲ့သူ ရှိသလို အထူးတပ်ဖွဲ့ (Spetsnaz) မှာလည်းတာဝန်ထမ်းဆောင်တဲ့သူတွေရှိပါတယ်။ အမျိုးသမီးစစ်သည်တော် (Female Cadet) တွေရဲ့ တာဝန်အများစုက ကွန်ပျုတာ စနစ်သုံး လက်နက်ထိန်းချုပ်၊ ပစ်ခတ်ခြင်း၊ သတင်းအချက်အလက်စုဆောင်းခြင်း၊ ထောက်လှမ်းရေး စတာတွေဖြစ်ပြီး လက်ဖြောင့်တပ်လို အထူးတာဝန်ထမ်းဆောင်သူတွေလည်းရှိပါတယ်။
သမ္မတပူတင် အာဏာရလာပြီးနောက်ပိုင်း အကျင့်ပျက် ခြစားနေတဲ့ ရုရှားတပ်မတော်ရဲ့ ပုံရိပ်ကိုပြန်အဖတ်ဆယ်ဖို့လုပ်ခဲ့ပြီး စစ်အင်အားကို ဒေါ်လာသန်းငါးသောင်းဖိုးအထိတိုးမြှင့်လာခဲ့ပါတယ်။ အရင်က စစ်တပ်ကိုမုန်းတီးခဲ့တဲ့လူတွေအမြင်မှာ ယနေ့ခေတ်ရုရှား တပ်မတော်ဟာ နိုင်ငံ့ဂုဏ်ဆောင်တပ်မတော်တစ်ခုဖြစ်လာခဲ့ပါတယ်။
တပ်နီတော်ကို အမိမြေ လုံခြုံရေးဝန်ကြီးဌာန၊ လူထုအခြေပြုကာကွယ်ရေး၊ ပြည်ထဲရေး၊ နိုင်ငံခြားထောက်လှမ်းရေး စတဲ့ဌာနတွေက တင်းတင်းကျပ်ကျပ်ကိုင်တွယ်ထားပြီး မသမာနည်းလမ်းနဲ့ရာထူးတိုးအောင်လုပ်တာတွေ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာထိပါးတာမျိုးတွေ မရှိသလောက်ကို နည်းပါတယ်။
Leave a Reply