
သင့်ဘဝအတွက် အရေးကြီးသော စက္ကန့်သုံးဆယ်စာ မေးခွန်းများကိုဖြေကြည့်ပါ အသိတစ်ခုရပါလိမ့်မယ်
စာရွက်တွေ ဘောပင်တွေ ရှိနေစရာ မလိုပါဘူး … ဖတ်ရုံဖတ်ကြည့်ပါ … တကယ်လို့ မဖြေနိုင်ခဲ့ရင်တော့ အင်တာနက်မှာလဲ ရှာမနေပါနဲ့ ..။
နောက်မေးခွန်းတစ်ခုကို ကျော်သွားလိုက်ပါ …။
၁) ကမ္ဘာမှာ အချမ်းသာဆုံး လူ ငါးယောက်ရဲ့ အမည်များကိုပြောပြပါ …။…
၂) နောက်ဆုံး ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရခဲ့တဲ့ အားကစားသမား ငါးယောက်ရဲ့ အမည်များကိုပြောပြပါ …။
၃) နောက်ဆုံး Miss Universe ဆုရတဲ့ အလှမယ် ငါးယောက်ရဲ့ အမည်များကို ပြောပြပါ …။
၄) နိုဗယ်ဆု (သို့) ပူလစ်ဇာဆုရခဲ့တဲ့ ဆုရှင် ငါးဦး အမည်များကို ပြောပြပါ …။
၅) နောက်ဆုံး ငါးနှစ်မှာ အော်စကာဆုရရှိခဲ့တဲ့ မင်းသား(၅)ယောက်၊ မင်းသမီး (၅)ယောက်ကို ပြောပြပါ …။
ကဲ ဘယ်လိုလဲ …။ အားလုံး ဖြေနိုင်ကြရဲ့လား …။
ဖြစ်ပုံကတော့ ….
ကျွန်မတို့တွေဟာ မနေ့က သတင်းစာ၊ ဂျာနယ် တွေရဲ့ ခေါင်းကြီးပိုင်းမှာ ပါလာတဲ့သူတွေကို ဒီနေ့ သတိရချင်မှရတော့မှာပါ …။
သူတို့တွေဟာ တော်ရုံတန်ရုံပေါ့သေးသေးလူတွေတော့ မဟုတ်ဘူးနော် …။ သူတို့ နယ်ပယ်မှာ အတော်ဆုံးလူတွေပါ …။
ဒါပေမယ့် ချီးမွမ်း (၇)ရက်၊ ကဲ့ရဲ့ (၇)ရက် ဆိုသလိုပါပဲ ..။ နည်းနည်းကြာသွားတဲ့အခါ …
သူတို့ရတဲ့ ဆုတံဆိပ်တွေ၊ အောင်မြင်မှုတွေကို လူတွေက မေ့လျော့သွေးအေးသွားကြမှာပါ …။
အခု နောက်ထပ် မေးခွန်းလေးတွေကို ဆက်ပါမယ် …။ ဒါဆိုရင်ရော စာဖတ်သူတို့ ဘယ်လိုဖြေကြမလဲ …။
၁) သင့်အပေါ် ကြင်နာခဲ့တဲ့ ဆရာ/ဆရာမ ငါးဦးရဲ့ နာမည်ကိုပြောပြပါ …။
၂) သင် အခက်အခဲတစုံတရာနဲ့ ကြုံတွေ့နေချိန်မှာ ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်း ငါးယောက်ရဲ့ အမည်များကို ပြောပြပါ ..။
၃) သင့်ကို တစ်စုံတစ်ခုမှာ အကျိုးရှိရှိ ဖြစ်သွားအောင် သင်ကြားပေးခဲ့သူ ငါးယောက်ရဲ့ အမည်များကို ပြောပြပါ …။
၄) သင့်အပေါ်ကောင်းတဲ့၊ ထောက်ခံမှုတွေအမြဲလုပ်တဲ့ လူငါးယောက်လောက်ကိုစဉ်းစားကြည့်ပါ …။
၅) သူတို့နဲ့တူတူ နေတဲ့အချိန်မှာ ပျော်ရွှင်မှုကို ပေးစေနိုင်တဲ့ လူငါးယောက်ရဲ့ အမည်များကိုပြောပြပါ …။
လွယ်ကူပါရဲ့လား ?
ကျွန်မတို့ရဲ့ ရင်ထဲ အသည်းထဲမှာ စွဲထင်ကျန်ခဲ့အောင် လုပ်ပေးနိုင်တဲ့သူတွေဟာ အောင်လက်မှတ်တွေအများကြီး ရထားသူတွေ၊
ပိုက်ဆံအများကြီးရှိတဲ့သူတွေ၊ ဆုတံဆိပ်တွေအများကြီး ရသူတွေ မဟုတ်ပါဘူး …။
ကျွန်မတို့ကို ဂရုစိုက်မှုတွေ ပေးစွမ်းခဲ့တဲ့သူတွေပဲ ဖြစ်ပါတယ် …။
ဒါကြောင့် ကိုယ့်ရင်ဘတ်ထဲက လူတွေကို ပြန်လည်ပြီး အချိန်ပေးနိုင်ပါစေ…..
title : The Thirty Second Quiz
Leave a Reply