
စက်ရုပ်ဟာ ဘယ်လိုတွေတောင် ဆွဲဆောင်မှုအားကောင်းနေလို့ ဒီအမျိုးသမီးဟာ တန်းတန်းစွဲချစ်မိသွားရတာလဲ။ လက်ရှိမှာ ဆီလီကွန်အရုပ်နဲ့ချစ်ကျွမ်းဝင်တဲ့သူ၊ စက်ရုပ်နဲ့ချစ်ကျွမ်းဝင်မိတဲ့သူတွေ များလာတဲ့အချိန်မှာ ကမ္ဘာကြီးအတွက် နည်းပညာတိုးတက်မှုဟာ အမှားတစ်ခုဖြစ်သွားပြီလို့ ယူဆလို့ရမလား။
ပြင်သစ်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Lily ဟာ သူမရဲ့စက်ရုပ် Lilly InMoovatorနဲ့ ချစ်ကျွမ်းဝင်နေမိတယ်လို့ သူမရဲ့ Twitter အကောင့်မှာ တရားဝင်ရေးသားထားခဲ့ပါတယ်။ အဆိုပါ Lilly InMoovator စက်ရုပ်ကို သူမကိုယ်တိုင်ရေးဆွဲပီး 3D Printer နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
Liliy ဟာ သူမဒီလို စက်ရုပ်တစ်ရုပ်နဲ့ချစ်ကြိုက်မိတဲ့အတွက် ဂုဏ်ယူကြောင်းပြောဆိုခဲ့ပြီး လက်ရှိမှာတော့ Lilly InMoovator နဲ့ စေ့စပ်ထားတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ပြင်သစ်မှာ လူနဲ့စက်ရုပ်အတူနေထိုင်ခွင့်ကို တရားဝင်ခွင့်ပြုတဲ့အခါ Lilly InMoovatorနဲ့ လက်ထပ်မယ်လို့လဲ ဆိုခဲ့ပါတယ်။
Leave a Reply