BUBBLE TEA ကြိုက်တဲ့ လူတွေ သိထား သင့်တဲ့ BUBBLE အလုံးလေးတွေ ရဲ့ ကြောက်စရာ အန္တရာယ်

သောက်မိသူ ကို အသက်သေ စေတဲ့ အထိဖြစ်စေနိုင် တဲ့ မစ်ရှိတ် အအေးဘူး က အလုံးလေးတွေ ရဲ့ အန္တရာယ်

အအေးဆိုင်တွေ မှာ မစ်ရှိတ်တွေ သောက်တဲ့ အခါ သာကူစိအကြီးစားကြီးလို အိကျိအိကျိ နဲ့ အလုံးလေးတွေကို တွေ့မြင်ဖူးကြမှာပါ။

အထူးသဖြင့် Bubble Tea လိုအအေးတွေ မှာ တွေ့ ရပါတယ်။ သူက စားလို့လည်းကောင်းတယ်။ ဒါကြောင့် လူငယ်တွေ တော်တော်များများ ထဲက မိန်းကလေးတွေက တော့ နှစ်သက်ကြပါတယ်။

အဲ့ဒီ Bubble အလုံးလေးတွေ ကိုတော့ ပီလောပီနံ နဲ့ ပြောင်းမှုန့် ရောကြိုပြီးတော့ သကြားနဲ့ သမအောင် လုံးထားတဲ့ အလုံးလေးတွေဖြစ် ပါတယ်။ အလုံး ၁ လုံးတိုင်း မှာ ၁၄ ကယ်လိုရီ ပါဝင်ပါတယ်။ အချိုရည်တစ်ဗူးဆိုရင် အလုံး ၁၀၀ နီးပါးပါတာမို့ ၁၄၀ဝ ကယ်လိုရီ ဖြစ်နေပါပြီ။

အဲ့ဒီ အလုံးလေးတွေကို အရမ်း ကြိုက်နှစ်သက် တဲ့ တရုတ်နိုင်ငံက ကျောင်းသူလေး တစ်ဥိးဟာ အဖြေရှာမရတဲ့ ဗိုက်အောင့်ခြင်းကြောင့် ကျောင်းဆေးခန်း သွားပေမယ့် မသက်သာ ပဲ ဆေးရုံသုံးတဲ့ အချိန်မှာတော့ အစာ အိမ်မှာ အဲ့ဒီ အလုံးလေးတွေ ကပ်နေတာကိုအံ့သြစွာ တွေ့ခဲ့ရပါတယ်။

ကနဦး ဆရာဝန်က အစာအိမ် အကျိတ်တွေ လို့ ထင်ခဲ့ပေမယ့် ဒီလောက်များများကတော့ ထူးဆန်းတာကြောင့် အစာအိမ်ကို ကင်မရာ ခပ်သေးသေးလေး နဲ့ ကြည့်တဲ့အခါ မှာတော့ Bubble Tea အလုံးလေးတွေဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။

ကျောင်းသူလေးက Bubble Tea အလုံးလေးတွေ ကို ကြိုက်နှစ်သက်တာ ဖြစ်ပြီးတော့၅ နှစ်လောက် ဆက် တိုက် စားသုံးခဲ့သူလည်းဖြစ်တယ် လို့သိရပါတယ်။

တရုတ်နိုင်ငံ ကtapoica bubble တွေကို ဂျာမနီ ဓာတ်ခွဲခန်း ကို ပေးပို့ စစ်ဆေးစေခဲ့တဲ့ အခါမှာတော့ အစေ့တွေဟာ ကားတာရာ အဟောင်း သားရေ ဖိနပ်တွေမှာ ပါတဲ့ ဓာတ်တွေကို တွေ့ခဲ့ရပါတယ်။

ဒါတွေကေ တာ့ အစာ ချေဖျက်မှုကို အနှောက်အယှက် ဖြစ်စေပြီးတော့ကာလရှည်စွာ အစာမချေခဲ့နိုင်တာကြောင့် အစာအိမ်နံရံတွေမှာ ကပ်တွယ်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကြောက်စရာ ပါပဲနော်။ ဝိသမ လောဘသားတွေ ကတော့ အစားအစာအတုတွေနဲ့ ကိုယ်ကျိုးစီးပွားအတွက် လူအများအသက်တွေကိုတောင် မငဲ့ကွက်ကြတာမို့ အစားအစာစားတဲ့အခါ သတိလေး နဲ့စားသောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

ခရက်ဒစ်

Be the first to comment

Leave a Reply

Your email address will not be published.


*