သတို့သမီးဘက်ကိုပေးရမယ့် ပစ္စည်းတွေအတွက်ငွေမတတ်နိုင်လို့ မင်္ဂလာပွဲမတက်ရောက်ခဲ့တဲ့ သတို့သား တရားစွဲခံရ

သတို့သမီးဘက်က သတို့သားဘက်ကို ပေးရတဲ့ပစ္စည်းဆိုတာ ဥရောပ၊ တောင်အာရှ ၊ အာဖရိကနဲ့ အခြား နိုင်ငံတွေမှာ သမိုင်းအစဉ်အဆက်ရှိခဲ့တဲ့ ထုံးစံတစ်ခုလိုဖြစ်နေပါပြီ။ အခုထိလည်းရှိနေတုန်းပါပဲ။ နိုင်ငံတော်တော်များများမှာ လက်ထပ်ခွင့်တောင်းတဲ့သဘောလိုမျိုး ဆက်လက် လက်ခံထားကြပါတယ်။
သတို့သမီးဘက်ကပေးတဲ့ ပစ္စည်းနဲ့ သတို့သားဘက်ကပေးတဲ့ပစ္စည်းတွေကို နှစ်ယောက်တစ်အိုး တစ်အိမ်ထူထောင်ဖို့အတွက်ဆိုပြီး ရည်ရွယ်တာဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချို့အဆင်မပြေတဲ့ မိသားစုတွေအနေနဲ့ ဒီလိုပစ္စည်းတွေပေးဖို့ဆိုတာ ခက်ခဲပါတယ်။ အထူးသဖြင့် မိသားစုအသိုင်းဝိုင်းနှစ်ခု အခြေအနေမတူတဲ့အခါမျိုးတွေပေါ့။ ၂၆နှစ် Boonyang Sawatdee ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ချစ်သူ ၂၄နှစ် Arunee Jaengkrachang နဲ့ လက်ထပ်ဖို့စီစဉ်ခဲ့ပေမယ့် သူ့မှာ သတို့သမီးဘက်ကိုပေးဖို့ ငွေအလုံလောက်မရှိခဲ့ဘူး။

Arunee က သူမသတို့သား လက်ထပ်ပွဲကို နာရီပိုင်းကြာသည်အထိ ရောက်မလာသေးဖူးဆိုတာကို သိလိုက်ရတော့ စိတ်ထဲဘဝင်မကျဖြစ်လာခဲ့တယ်။ မင်္ဂလာပွဲဟာ ၆နာရီမှ ၉နာရီဖြစ်ပြီး ၉နာရီထိ သူရောက်မလာတော့ မတတ်နိုင်တဲ့အဆုံး မင်္ဂလာပွဲဖျက်သိမ်းလိုက်ရပါတယ်။


မင်္ဂလာပွဲကို ထိုင်းနိုင်ငံ Kabin Buri ဒေသက သူမရဲ့မွေးရပ်မြေ Khao Din ရွာလေးမှာကျင်းပခဲ့တာဖြစ်ပါတယ်။ နောက်တော့ သတို့သားဘက်က ငွေအခက်ခဲဖြစ်နေတာကို သိရှိခဲ့ရပါတယ်။ မင်္ဂလာပွဲပျက်သွားတဲ့အတွက် ဖိတ်ထားတဲ့ဧည့်သည်တွေကို အားနာပြီး အရှက်ရခဲ့ရတာကြောင့် မင်္ဂလာပွဲပြင်ဆင်စရိတ် ဘတ် ၁ဝဝဝဝဝ နဲ့ အစားသောက်စရိတ် ဘတ် ၂၂ဝဝဝ ကိုပြန်လျှော်ပေးဖို့ သတို့သမီးဘက်က တောင်းဆိုတဲ့အပြင် Boonyang နဲ့ တစ်မိသားစုလုံးကို ရှေ့နေငှားပြီး တရားစွဲဆိုခဲ့တယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*