
ဖုန်းဘက်ထရီကို ရက်အတော်ကြာအသုံးခံအောင် ဘယ်လိုထားရမလဲ?
ဖုန်းအားသွင်းပေါက်ကိုသန့်ရှင်းပေးပါ…
ဖုန်းစကရင်မ်တွေ၊ဖုန်းကြိုးတွေကိုသန့်ရှင်းပေးရုံသာမက ဖုန်းအားသွင်းပေါက်တွေကိုသန့်ရှင်းပေးဖို့လိုပါတယ်။
နောက်ခံဘက်ဂရောင်း…
နောက်ခံဘက်ဂရောင်းကိုအရောင်တောက်တောက်ထားတာက ဖုန်းအားအကုန်မြန်စေပါတယ်။အဲ့ဒါကြောင့်အရောင်မှိန်တာလေးရွေးတင်ထားပါ။
ဖုန်းကိုလက်မှာတစ်ချိန်လုံးကိုင်မထားပါနဲ့…
တစ်ချိန်လုံးဖုန်းကိုလက်နဲ့ကိုင်ထားတာကိုရှောင်ပါ။လက်ကအပူချိန်ဟာ ဖုန်းဘက်ထရီကိုပျက်စီးစေပါတယ်။
Auto Rotate ပိတ်ထားပါ…
Auto rotate ဖွင့်ထားတာကည်းဖုန်းအားကိုမြန်မြန်ကုန်စေလို့ ဖုန်းသုံးတဲ့အခါပိတ်ပေးထားပါ။အရေးကြီးကိစ္စမရှိရင် မဖွင့်တာအကောင်းဆုံးပါပဲ။
အလင်းရောင်ကိုအပြည့်မထားပါနဲ့…
ဖုန်းအလင်းရောင်အများကြီးထားတာက အကျိုးမရှိစေပါဘူး။အဲ့ဒါကြောင့် သင့်တင့်တဲ့အလင်းရောင်ပဲထားပါ။
ဖုန်းကို အသံတုန်ခါစေတာကို ပိုပြီးအားကုန်စေပါတယ်…
ဖုန်းကိုတုန်ခါစေတာ ဖုန်းအားကိုပိုကုန်စေတယ်ဆိုတာ သင်အရင်ကသိခဲ့မှာမဟုတ်ပါဘူး။ အခုမှတ်ထားလိုက်ပါတော့။မလိုအပ်ပဲနဲ့ ဖုန်းတုန်ခါတာကိုမလုပ်ထားပါနဲ့။အရေးကြီးရင် အသံလုံးဝပိတ်ထားလိုက်ပါ။
ဖုန်းကအချိန်ကို ၃၀စက္ကန့်လောက်ပဲထားပါ…
ဖုန်းအချိန်ကို ၁မိနစ်၊၂မိနစ်ထားတာကမလိုအပ်ပဲဖုန်းအားကိုဖြုန်းမိနေတာပါ။အဲ့ဒါကြောင့် ၃၀စက္ကန့်လောက်ထားရင်အနေတော်ပါပဲ။
ညဘက်ဖုန်းအားသွင်းမယ်ဆိုရင် ဖုန်းပိတ်ပြီးမှသွင်းပါ…
ဖုန်းအားသွင်းတဲ့အခါ ဖုန်းကိုပိတ်ပြီးမှသွင်းတာက ပိုပြီးအားပြည့်စေပြီးကြာကြာလည်းအထားခံပါတယ်။ အဲ့ဒါကြောင့်ညဘက်တွေအားသွင်းမယ်ဆိုရင်ဖုန်းကိုပိတ်ပြီးမှအားသွင်းပေးပါ။
ဒီအချက်တွေအားလုံးသေချာလုပ်ထားမယ်ဆိုရင်တော့ဖုန်းဘက်ထရီကို ၂ရက်၊၃ရက်အသုံးခံစေပါတယ်။
Leave a Reply