ဖခင်ဖြစ်သူရဲ့အမှားကြောင့် သမီးရဲ့၁၅နှစ်ပြည့်မွေးနေ့ကို ​နေရာအနှံ ့က လူသောင်းကျော်လာရောက်ခဲ့

ဖခင်ဖြစ်သူကနေ video လေးတစ်ခုပဲ တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့video ဟာ အင်တာနက်မှာပြန့်သွားတဲ့အခါမှာတော့ လူတွေသောင်းချီတက်ရောက်ခဲ့တဲ့ မွေးနေ့ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

အသက် ၁၅နှစ်အရွယ်ရှိ Rubi Ibarra ရဲ့ မွေးနေ့အတွက် သူမရဲ့ဖခင်ဖြစ်သူဟာ ဗီဒီယိုလေးလုပ်ပြီး မိသားစုဆွေမျိုးတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် အင်တာနက်ပေါ်တင်တဲ့အခါ သူရည်ရွယ်ထားတဲ့သူတွေမဟုတ်ဘဲ တခြားသူတွေကိုကို ပြန့်သွားခဲ့ပါတယ်။

အဆိုပါဗီဒီယိုကို ဝေမျှခဲ့ကြပြီး သန်းကျော်တဲ့လူအရေအတွက်ဟာ မွေးနေ့ကိုလာမယ်လို့ စာရင်းပေးခဲ့ကြပါတယ်။ Rubi ရဲ့ quinceañera ခေါ် မက္ကဆီကန်ရိုးရာ အရွယ်ရောက်တဲ့အထိမ်းအမှတ်မွေးနေ့ပွဲဟာ တကယ့်ပွဲကြီးတစ်ခုလို ဖြစ်ခဲ့ပြီး စာနယ်ဇင်းတွေ၊ မီဒီယာတွေတက်ရောက်လာခဲ့ရုံသာမက ဗီဒီယိုကို မျှဝေခဲ့သူ အင်တာနက်အသုံးပြုသူ အမြောက်အမြားကပါ တက်ရောက်ခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*