အလောင်းတွေ တစ်လောင်းပြီးတစ်လောင်း လာသယ်ထုတ်မှ လမ်းထဲကတွေသိရတဲ့အဖြစ်

ကိုယ်တွေ မြေနီကုန်း ဗိုလ်မိုးလမ်းထဲက လူပျိုကြီး၊အပျိုကြီးမောင်နှမတွေ(၅)ယောက် တူမလေးတယောက်နဲ့အတူနေကြတယ်။တပတ်အတွင်း(၃)ယောက်ဆုံးသွားတာပါ။

လွန်ခဲ့တဲ့တပတ်ထဲကဖျားနေကြတာ ဆေးရုံမသွားကြပဲ အိမ်မှာပဲကျိတ်ကုနေရာက ၁၀၊၁၀၊၂၀၂၀ရက်နေ့မှာ ညီမအလတ်ဆုံးသွားပါတယ်။

လူသေမှပဲ လမ်းထဲကလူတွေ သိကြရတာပါ ပြုစုပေးတဲ့တူမ လေး က တော့ Qဝင်နေရပါတယ်။ညီမအလတ်ဖြစ်သူဆုံးပြီး(၅)ရက်အတွင်း မနေ့ညက အစ်မအကြီးဆုံးတယ်၊ဒီနေ့မနက် မောင်ဖြစ်သူဆုံးတယ်။ညကအစ်မအလောင်းနဲ့ အခုမနက် မောင်ရဲ့အလောင်းတွေကိုလာသယ်တာပါ။

လူပျိုကြီး(၂)ယောက်အိမ်ထဲမှာရှိသေးတယ် အခုသူတို့ကိုပါ ဆေးရုံခေါ်သွားရတော့မှာပါ။သူတို့ရဲ့ညီမအငယ်ဆုံးကဆရာဝန်ပါ သူ့ဆီကိုလည်းအသိမပေး အကြောင်းမကြားပဲ ကျိတ်ကုနေတော့ သူလည်း
မသိရှာဘူးထင်ပါတယ်။

လူတွေနဲ့အဆက်ဆံနည်းပြီး တယူသန်ခဲ့တာတွေကကိုယ်ပဲအကျိုးယုတ်ပါတယ်.

Be the first to comment

Leave a Reply

Your email address will not be published.


*