ဘူးသီး သီးမှ အရီးတော်ချင်တဲ့ မြန်မာစိတ်ဓာတ်နှင့် အောင်လအန်ဆန်ရဲ့ အောင်မြင်မှု သင်ခန်းစာ

တနိုင်ငံလုံးက မိဘတွေဖတ်ဖို့…

အောင်လ လက်ဝှေ့ထိုးလို့ နိုင်မှ ကမ္ဘာကျော်မှ သာ သဘောတွေကြ အရူးထ ထခုန်ကြပေါက်နေကြတာ မြင်မကောင်းဘူး ။ အဲ့လိုတွေ အရူးထလို့ အဲ့ဒီအိမ်တွေက ကလေးတွေ သိုင်းသင် လက်ဝှေ့ သင်မယ်ဆို အင်တိုက်အားတိုက် အားပေးမယ်ထင်လား ။ ဘယ်သူမှ အားမပေးဘူးဗျ ။

မြန်မာလူမျိုးက အောင်မြင်မှုသာ ဆာလောင်တာ ။ အောင်မြင်အောင် အားပေးဖို့ မွေးမြူဖို့ တွန်းအားပေးဖို့ ဘယ်မိဘမှ ဘယ်သူမှ မရှိဘူး ၊ မယုံရင် ကိုယ့်ပတ်ဝန်းကျင်မှာသာကြည့် ။ ကမ္ဘာကျော်ကြီး လက်ဝှေ့လက်ပန်းပြလို့သာ သဘောကျနေတာ ၊ လမ်းဘေးမှာ သိုင်းကစားရင် မကောင်းပြော မကောင်းမြင်တတ်တာ မြန်မာလူမျိုးဗျ ။

ဘူးသီးသီးမှ အရီးတော်ချင်တာ မြန်မာစိတ်ဓာတ်အစစ်ပဲ ။ ဒါကြောင့် ရေခံမြေခံ မကောင်းတဲ့ ဒီနိုင်ငံမှာ ဘယ်ကမ္ဘာကျော်မှ မထွက်ဘဲ အောင်မြင်မှုတွေ ဆွံ့အကုန်တာ ၊ ပုတ်သိုးကုန်တာ ။

အောင်မြင်မှုဆိုတဲ့အရာဟာ မြင်မှ သားရေကျရတဲ့ အလုပ်မဟုတ်ဘူးဗျ ။ ၁၀ % ရာခိုင်နှုန်းလောက် အောင်မြင်ဖို့ နောက်ကွယ်မှာ ၉၀% ရာခိုင်နှုန်းလောက် ပံ့ပိုးမှု ကြိုးစားမှုတွေရှိတယ်ဗျ ။ ဒါမျိုးမဟုတ်ဘဲ အောင်မြင်မှ မြန်မာပြည်သားတွေရော ဘာတွေရော အရူးထတာမြင်တော့ ထုတ်မပြောပေမယ့် ကြိတ်ပဲရယ်နေရတယ် ။

ရေရှည် မွေးမြူဖို့ တွန်းအားပေးဖို့ မလုပ်ဘဲ ထချမှ အရူးထတာမျိုးနဲ့တော့ ဒီနိုင်ငံမှာ ဒီလိုလူမျိုးတွေ ထွက်လာဖို့ ဝေးသေးဗျာ ။

မြန်မာလူမျိုးက ရေတိုပဲကြည့်တတ်တဲ့ လူမျိုးဗျ ။ ကျုပ်ပြောတာမယုံရင် တကယ်အားပေးတာလား အရူးထတာလား သိချင် အိမ်က ကလေးတွေ သိုင်းသင်ဖို့ လက်ဝှေ့သင်မယ်သာ ပြောကြည့်ကြပါလေ ။

မူရင်းဆရာ ခရက်တစ်ပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*