
အသက် ၁၀၀ ရှိပေမဲ့ ရွာလယ်လမ်းမကြီးကို တစ်ယောက်တည်းချုံမြက်တွေရှင်းပြီး လမ်းဖောက်ပေးခဲ့တဲ့ အဖွား
စိတ်စေတနာကောင်းဆိုတာ အသက်ငယ်သည် ကြီးသည်မဟူ လူတိုင်းမှာထားနိုင်တဲ့ ရှိနိုင်တဲ့ လေးစားဖွယ်ချစ်ခင်ဖွယ် စိတ်လေးပါပဲ။ ဒီလိုပဲ ပရဟိတအလုပ်ဆိုတာလည်းငယ်သည် ကြီးသည်မဟူ လူတိုင်းမိမိတတ်နိုင်သလောက် လုပ်နိုင်တဲ့အလုပ်ပါ။
အဲဒီလို အများအကျိုးအတွက် ငယ်သည်ကြီးသည်မဟူ လူတိုင်းလုပ်နိုင်ပါတယ်ဆိုတဲ့အကြောင်းကို သက်သေပြခဲ့တာကတော့ အသက် ၁၀၀ ရှိပြီ ဖြစ်တဲ့ စစ်ကိုင်းတိုင်းက အဘွားတစ်ယောက်ပါပဲ။
အဘွားက စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၊ မဲဇာစံပြကျေးရွာအနီးက ပါအော့ရွာမှာနေသူပါ။ နာမည်ကတော့ ဒေါ်လှညိုလို့ ခေါ်ပါတယ်။ အသက်ကတော့ ၁၀၀ရှိပါပြီ။ သူ့အသက်အရွယ်နဲ့ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်ရှာပါဘူး။
အဘွားက ဒါပေမဲ့ လူငယ်လူရွယ်တွေ မမြင်မတွေ့ကျော်သွားတဲ့ ပရဟိတအလုပ်ကို သူလုပ်ပြခဲ့ပါတယ်။ အဲ့တာကတော့ ရွာလယ်လမ်းမကြီးမှာ ထူထပ်အောင်ပေါက်နေတဲ့ မြက်တွေကို လမ်းမလျှောက်နိုင်လို့ ထိုင်ရက်နဲ့ပဲ တူရွင်းတချောင်းကိုင်ပြီး ရှင်းပေးခဲ့တာပါ။
အလွန်ရှည်တဲ့ ရွာလယ်လမ်းမကြီးကို ထိုင်ရင်း တရွေ့ရွေ့နဲ့မြက်တွေရှင်းလာတာ လမ်းမတစ်ခုလုံး ပြောင်သလင်းခါသွားပါတော့တယ်။ ဒီအသက်အရွယ်နဲ့ နားနားနေနေမနေဘဲ ပရဟိတလုပ်တဲ့ အဘွားရဲ့စိတ်ဓာတ်ကတော့အလွန်ချီးကျူးလေးစားစရာကောင်းသလို လူငယ်တွေအတွက်လည်း အတုယူရမဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။
အဘွားတစ်ယောက် ရွာလယ်လမ်းမတစ်လျှောက် မြက်ရှင်းရင်းကုသိုလ်ယူတဲ့ပုံလေးကို ပရိသတ်ကြီးတို့အတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ အဘွား သက်တော်ရာကျော်ဒီထက်မက ရှည်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်… crd
Leave a Reply