
အင်္ဂလန်နိုင်ငံ၊ လီဗာပူးမြို့သူတစ်ယောက်ဖြစ်တဲ့ အသက်(35)နှစ်အရွယ် Donna McMahon ဆိုတဲ့ အမျိုးသမီးကတော့ နှစ်ပေါင်း သုံးဆယ်ကြာမှ ရေပြန်ချိုးခဲ့တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဒါဟာ အနည်းငယ်ထူးဆန်းနေပေမယ့် Donna ဟာ မွေးဖွားစဉ်ကတည်းက ရေမချိုးခဲ့သူတော့ မဟုတ်ပါဘူး။
သူမအသက် ငါးနှစ်အရွယ်၊ 1986 ခုနှစ်က အားလပ်ရက်တစ်ခုမှာ Donna ဟာ ရေလွှာလျှောစီးရင်း မတော်တဆမှု ကြုံခဲ့ရပြီးနောက် ထူးဆန်းတဲ့ ရေကြောက်တဲ့စိတ်ပိုင်းဆိုင်ရာရောဂါကို ရခဲ့ပါတယ်။ ဒါဟာ အားလုံးနဲ့ယှဉ်ရင် ထူး ဆန်းတယ်ဆိုပေမယ့် Donna အတွက်ကတော့ ဦးခေါင်းပေါ်ကနေ ရေဖြန်းခံရတာတို့၊ ရေကျတာတို့ ကြုံတဲ့အခါတိုင်း အလွန်အမင်းကြောက်ရွံ့ခဲ့ရှာပါတယ်။
ဒီလိုနဲ့ သူမဟာ နှစ်ပေါင်းသုံးဆယ်ကြာ ဘဝကို ခက်ခဲစွာနေထိုင်ခဲ့ရပြီး ပြီးခဲ့တဲ့လပိုင်းလောက်မှာ အိပ်မွေ့ချစိတ်ပညာရှင် Robert Hisee နဲ့ ကံကောင်းထောက်မစွာ တွေ့ဆုံခဲ့ရပါတယ်။ Robert Hisee ဟာ အိပ်မွေ့ကုထုံးနဲ့ Donna ရဲ့ ရေကြောက်တဲ့ရောဂါကို မိနစ်(60)အတွင်း ပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့ပါတယ်။
ကလေးနှစ်ယောက်မိခင် Donna က အတိကဖြစ်ရပ်ကို ပြန်လည်ဖွင့်ဟခဲ့ပါတယ်။ သူမက ” အဲဒီတုန်းက ကျွန်မက ငါးနှစ်သမီးအရွယ်ပေါ့ … ရေလွှာ လျှောစီးဖို့ပြင်နေတုန်း … တစ်ခြားကလေးတစ်ယောက်က ကျွန်မကို အတင်းတွန်းချခဲ့ပါတယ် … အဲဒီမှာ အရှိန်ပြင်းစွာနဲ့ ရေလွှာလျှောတစ်လျှောက် … အလွန်ကြောက်ရွံ့စွာနဲ့ ပြုတ်ကျခဲ့ပြီး … မူမမှန်တဲ့ရေကြောက်တဲ့ရောဂါကို ခံစားခဲ့ရတာဖြစ်ပါတယ် … ” လို့ သူမက ပြန်လည်ပြောပြပါတယ်။
Leave a Reply