ဂျပန်မလေးတွေ အမြဲသွယ်လျလှပနေခြင်းရဲ့ လျှို့ဝှက်ချက် (၇)ချက်

ဂျပန်နိုင်ငံဟာ စိမ်းစိုတဲ့တောင်တန်းတွေ၊ ပင်လယ်ပြာတွေ၊ နန်းဆန်တဲ့ယဉ်ကျေးမှု၊ အရသာရှိလှတဲ့ အစားအသောက်တွေနဲ့ ဖွဲ့စည်းထားတဲ့ လှပတဲ့နိုင်ငံတစ်နိုင်ငံပါ။ ဂျပန်မလေးတွေကို တွေ့လိုက်ရင်လည်း သူတို့ဟာ အဆီပိုလုံးဝမရှိဘဲ အမြဲသွယ်လျ လှပနေတာကို တွေ့ရမှာပါ။
သူတို့ကို ဒီလိုကျန်းမာသွယ်လျနေစေတာဟာ သူတို့ရဲ့ စားသောက်မှုနဲ့ နေထိုင်မှုပုံစံတို့ကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျပန်မလေးတွေလို သွယ်လျလှပနေစေဖို့ နေထိုင်မှုပုံစံ နည်းလမ်းကောင်းတွေကို Shwemom ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

(၁) လက်ဖက်စိမ်းရေနွေးကြမ်းသောက်ခြင်း

ဂျပန်လူမျိုးတွေဟာ လက်ဖက်စိမ်းသောက်ရတာ နှစ်ခြိုက်ကြပါတယ်။။ လက်ဖက်စိမ်းဟာ ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူပြုပြီး အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးတဲ့ Antioxidant ဓာတ်လည်း ပါဝင်ပါတယ်။ လက်ဖက်စိမ်းသောက်ခြင်းက နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားနှုန်းကိုလည်း လျော့ကျစေပါတယ်။

(၂) အချဉ်စိမ်ထားတဲ့ အစားအစာတွေကို စားသုံးခြင်း


ဂျပန်တွေဟာ ဒိန်ချဉ်အရည်ကျဲနဲ့တူတဲ့ ကပ်ဖ်ဖာ၊ ကွန်ဘူချာလက်ဖက်ရည်၊ မီဆိုပဲချဉ်အနှစ်၊ ကင်ချီစတဲ့ အချဉ်တွေကို စားသုံးကြပါတယ်။ အချဉ်စိမ်အစားအစာတွေက အစာချေဖျက်အားကောင်းစေတဲ့အတွက် ဝိတ်ကျစေပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။

(၃) ပင်လယ်စာများစွာ စားသုံးခြင်း


ဂျပန်တွေဟာ အဝလွန်ခြင်း၊ ကိုလက်စထရောတက်ခြင်းတို့ကို ဖြစ်စေတဲ့ ဝက်သား၊ အမဲသားတို့လို အနီရောင်အသားတွေကို သိပ်စားလေ့မရှိဘဲ အာဟာရဓာတ်များစွာပါဝင်ပြီး ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပင်လယ်စာတွေကို စားသုံးကြပါတယ်။ ငါးများများစားလေး ကျန်းမာရေး ပိုကောင်းလေဖြစ်ပါတယ်။

(၄) ပမာဏအနည်းငယ်သာ စားသုံးခြင်း

ပန်းကန်သေးလေးတွေနဲ့ စားခြင်းက ဂျပန်ရိုးရာတစ်ခုပါ။ ပန်းကန်သေးတဲ့အတွက် ထည့်သမျှက များနေတယ်လို့ ထင်ရတာကြောင့် ပမာဏများများ ထည့်မစားဖြစ်တော့ပါဘူး။ သင့်ကို အစားလွန်ခြင်းနဲ့ ကယ်လိုရီများစွာ စားသုံးခြင်းတို့မှ ကာကွယ်ပေးမှာပါ။

(၅)လမ်းလျှောက်ခြင်း

လမ်းလျှောက်ခြင်းက ရိုးရာဓလေ့တစ်ခုလိုပါပဲဂျပန်လူမျိုးတွေဟာ များသောအားဖြင့် ဘယ်သွားသွား ခြေလျင်သွားကြပြီး အလွန်လမ်းလျေျာက်ကြပါတယ်။ လမ်းလျှောက်ခြင်းက ဝိတ်ကျစေရုံသာမက နှလုံးရောဂါကို ကာကွယ်ပေးပြီး စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။

(၆) ကျန်းမာစွာ ချက်ပြုတ်နည်း

ဂျပန်တွေ ချက်ပြုတ်ရာမှာ ဆီများစွာသုံးခြင်းမရှိဘဲ အစိမ်း၊ အပေါင်း၊ အကင်တို့ပဲ လုပ်စားလေ့ရှိပါတယ်။ ဆီကြော်တွေကိုလည်း စားသုံးလေ့မရှိဘဲ တန်ပူရာလို အကြော်ဆိုရင်လည်း အခြားအစားအစာများနဲ့ တွဲဖက်ပြီး အနည်းငယ်သာ စားသုံးကြပါတယ်။

(၇) သကြားမပါတဲ့ အချိုပွဲ

ဂျပန်တွေဟာ ထမင်းစားပြီးနောက် အချိုတည်းတဲ့အခါ သကြားပါတဲ့မုန့်တွေထက် လတ်ဆတ်တဲ့ အသီးအနှံတွေကိုသာ သုံးဆောင်ကြပါတယ်။ အနောက်တိုင်းက အချိုပွဲတွေလို သကြားတွေ ဂျုံတွေနဲ့ မပြုလုပ်ဘဲ ကျန်းမာစေတဲ့ ကန်စွန်းဥနဲ့ အသီးအနှံတို့ကိုသာ အသုံးပြုပြီး မုန့်အချိုပြုလုပ်ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*