အချိန်လဲမပေးနိုင် အဖုပိန့်တွေထွက် လာ လို စိတ်ညစ်နေ သူအတွေ အတွက် အရေးပေါ် ပေါင်း တင်နည်း

အရေးပေါ် ပေါင်းတင်နည်းအကြောင်း ဝေမျှပေးမယ် ရှင့် ။အလှပြင်ဖို့အချိန်သီးသန့်လည်းမပေးဖြစ် အပျင်းကလည်းထူ အစပ်လည်းလျော့မစားနိုင် ဒါပေမဲ့ အချိန်တန် မှန်ကြည့်တဲ့အခါ မျက်နှာပေါ်က အရေးကြောင်း အမဲစက် အဖုပိမ့်တွေ ထွက်လာရင် စိတ်အရမ်းညစ်တတ်တဲ့ ကိုယ့်လိုလူမျိုးတွေအတွက် ရည်ရွယ် ပါတယ်။

ခရမ်းချဉ် – ဝက်ခြံလျော့ပါး

အာလူး – အဖုပိမ့် ချိုင့်ခွက် အသားပြန်ပြည့်

ရှားစောင်းလက်ပတ် – အသားချောမွေ့

ဆန်ဆေးရည် – အရေးကြောင်းလျော့နည်းစေ

သံပုရာ – အဆီပြန်သက်သာ (ဆိုးကျိုး အသားပါးလာစေတတ်

ဝက်ခြံပေါက်နေ သူများ မပြုလုပ် သင့် အရမ်းစပ်စေလို့ပါ )

အောင်မဲညိုအရည် – အသားအေးစေ

သခွားသီး – အသားရေကြည်လင်

မန်ကျီး သီးအရည် – အမဲစက်လျော့ပါး

ကြက်ဥ/ဘဲဥအကာအရည် – ဆဲလ်သေတွေကွာ အသားရေချောမွေ့

တကယ် ဆို ဆနွင်း လည်း ပါ ပါသေးတယ် ဒါပေမဲ့ ခုခေတ် ဆနွင်းစစ်စစ်ဆိုတာ ရှာဝယ်ရခက်လို့ တွေ့ကရာ ဆနွင်းရေဖျော်လူးမိပြီး မျက်နှာမှိုစွဲ ခရုသင်းဖြစ် တာတို့လည်း ကြားသိဖူးတော့ ဆနွင်းအကြောင်း ချန်ထားပါရစေ ။

အရေးပေါ် ပေါင်းတင် နည်း

ပထမဆုံး အာလူး ကို ပါးပါးလှီးပြီး အာလူးနဲ့မျက်နှာကိုပွတ်ပါ ၃ မိနစ်ခန့် ထားပြီး ရေဆေး ချပါ

ဒုတိယ – သခွားသီး

တတိယ – ခရမ်းချဉ်

စတုတ္ထ – ရှာစောင်းလက်ပတ်

နောက်ဆုံးမှ ကြက်ဥ အကာရည်လေးပွတ်ပြီး ၅မိနစ်ခန့်ထားပြီး ရေဆေးချ မျက်နှာသစ် လိုက်ပါ။ဓာတ်စုံနေအောင်အာနိသင်ရထားတဲ့ မျက်နှာဖြူဖြူဖွေးဖွေးလေး ရပါလိမ့်မယ် တစ်ခါလုပ်ရင် အာနိသင်စုံအောင် လေးခု ငါးခုလောက် လုပ်ပေးရင်ရပါပြီ ခဏခဏမလုပ်ရပါ တစ်ခါလုပ်ရင် ၂ပတ်လောက်ထိ မှန်ကြည့်တိုင်း စိတ်ချမ်းသာစေမှာ ပါ။ သဘာဝပစ္စည်းတွေနဲ့မို့ငွေကုန်ကြေးကျသက်သာစေတယ် ပြီးတော့ ရေများများသောက် ဖို့ ညအိပ်ချိန်မှန်ဖို့လည်း လိုအပ် ပါတယ် နောက်လည်း ဗဟုသုတလေးတွေဝေမျှပေးသွားမှာဖြစ်ပါတယ်ရှင့်

Be the first to comment

Leave a Reply

Your email address will not be published.


*