
ကျောင်းသားဖြစ်သူရဲ့ တုန့်ပြန်ချက်ကလဲ အံ့အားသင့်စရာပါပဲ။ ယောကျာ်းတိုင်း ဒီလိုတော့ ကံမကောင်းနိုင်ပါဘူး။ ဒါပေမယ့် ဒီကျောင်းသားလေးကတော့ သူ့ရဲ့ပရော်ဖက်ဆာဆရာမရဲ့ လက်ထပ်ခွင့်ကို လူရှေ့သူရှေ့မှာ တောင်းခံခြင်းခံခဲ့ရတာဖြစ်ပါတယ်။
Hunan University of Arts မှ ပရော်ဖက်ဆာကျောင်းဆရာမဟာ သူ့ဘက်ကနေ ခြေလှမ်းစမှဖြစ်မယ်လို့ ယူဆတဲ့ပုံပါပဲ။ သူမဟာ လှပတဲ့ အဖြူရောင်ဂေါင်ဝန်ကိုဝတ်ဆင်ထားပြီး အဆိုပါကျောင်းသားဖြစ်သူကို အခြားသောကျောင်းသားတွေရှေ့မှာတင် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။
စိတ်လှုပ်ရှားနေပုံရတဲ့ ကျောင်းသားအုပ်ကြီးဟာ ဟေးဟေးနဲ့အော်ပြီး သူတို့စုံတွဲကိုအားပေးခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ ပြောကြားချက်အရ သူတို့စုံတွဲဟာ တွဲနေတာ နှစ်အနည်းငယ်ကြာပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဆရာမရဲ့ လက်ထပ်ခွင့်ကိုတော့ ကျောင်းသားဖြစ်သူကနေ သူချစ်ရတဲ့ဆရာမကိုအနမ်းတွေခြွေခဲ့ပြီး လက်ခံခဲ့ပါတယ်။
Leave a Reply