ယင်းမာပင်က ကိုဗစ်လူနာနှစ်ဦး အပြင်ထွက် စျေးဝယ်

ယင်းမာမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်လူနာနှစ်ဦး ယနေ့ညပိုင်း ၆ နာရီခန့် က ဆေးရုံနှင့်မျက်နှာချင်းဆိုင်ရှိ စျေးဆိုင်သို့ စျေးဝယ်ထွက်ရာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။

အဆိုပါလူနာနှစ်ဦးမှာ အုံတုံပင် ရဲတပ်ရင်း (၂၈) မှ ဖြစ်ပြီး ယခုလ ၁၁ ရက်က ပိုးတွေ့ အဖြေရထားသူများဖြစ်သည်။”အဓိကတော့ လုံခြုံရေးအင်အားနည်းတယ်။ဝန်ထမ်းအိမ်ရာက ဝန်ထမ်းတွေကတွေ့လို့လှမ်းအကြောင်းကြားတယ်။အခုသူတို့ကို ကုတင်နဲ့လက်ထိပ်နဲ့တွဲခတ်ထားတယ်။ရောဂါပျောက်ရင်လည်း သက်ဆိုင်ရာကော်မတီတွေက ဘေးစီမံနဲ့အရေးယူသွားမယ်လို့သိရပါတယ်” ဟု ယင်းမာပင်မြို့နယ်ကြက်ခြေနီ မြို့နယ်တပ်ဖွဲ့မှူးဦးမင်းနိုင်ဇော်ကပြောသည်။

ယင်းတို့နှစ်ဦး စျေးဝယ်ရာတွင် ထိတွေ့ခဲ့သော စျေးဆိုင်ရှင်မိသားစုနှင့် စျေးဝယ်လာသူတစ်ဦးကိုလည်း ချက်ချင်းပင် Stay at Homeနေထိုင်စေပြီး Swabယူစစ်ဆေးသွားမည်ဟု ဆိုသည်။ လူနာနှစ်ဦးသည် ဈေးဝယ်ထွက်စဉ်တလျောက်လုံး Mask များတပ်ဆင်ထားသည်ဟု ကြက်ခြေနီ ဝန်ထမ်းတစ်ဦးကပြောသည်။ယင်းမာပင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် လူနာနှစ်ဦး ထွက်ခွာရာနှင့် ပြန်လာရာ လမ်းတလျှောက် ဆေးဖြန်း ထားကြောင်းသိရသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*