
ကားဆရာတေပွဲကြမ်းတော့မယ်ထင်တယ်။မဲဆွယ်တဲ့အဖွဲ့ထက်စာရင်တော့ ဒါကစားဝတ်နေရေးအတွက်ဆိုတော့ကိုယ်ချင်းစာမိပါတယ်
အောက်တွင် video ပါသည်…
ကိုဗစ်သည် ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့် ကူးစက်ပျံ့နှံ့မှုလှိုင်းများ ရပ်တန့်မှုမရှိဘဲ နိုင်ငံအနှံ့အပြားတွင် ပြည်သူများကို ခြိမ်းခြောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဒုတိယလှိုင်းအသွင်ဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့မှုအပေါ် ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ နေ့စဉ်နှင့်အမျှ ရောဂါပိုးကူးစက်ခံရသူနှုန်းနှင့် သေဆုံးနှုန်းမြင့်တက်လျက်ရှိသည်။
သေချာသည်က ကမ္ဘာနှင့်အဝှမ်း ကိုဗစ်ကာကွယ်ဆေးမဖြန့်နိုင်မီအချိန်ထိ မြန်မာအပါအဝင်တစ် ကမ္ဘာလုံး ကိုဗစ်ကပ်ဘေးအပြင် စီးပွားရေး၊ စားဝတ်နေရေးဆုတ်ယုတ်မှုတို့မှ နာလန်ထူ လွတ်မြောက်နိုင်ရန် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားရုန်းကန်ကြရပေလိမ့်မည်။ မြန်မာတွင် ရောဂါပိုးပျံ့နှံ့မှု အမြင့်ဆုံးနှင့် စိုးရိမ်စရာအခြေအနေဖြစ်နေသည့် ရန်ကုန်မြို့တွင် ရောဂါထိန်းချုပ်နိုင်ရန် တင်းကျပ်သော Stay at Home ကာလ နှစ်ပတ်ခန့်ကြာမြင့်သော်လည်း ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။
ထို့ပြင် အခြားတစ်ဖက်တွင်လည်း ကိုဗစ်နှင့်ပတ်သက်၍ အစီအမံများအပေါ် အခြေခံလူတန်းစားများက ဝေဖန်မှုများလည်း ရှိလာသည်။ ထိုအချင်းအရာကို ကြည့်လျှင် ကိုဗစ်မပြန့်ပွားရေး အရေးကြီးသကဲ့သို့ ယင်းလုပ်ငန်းစဉ် ရှည်ကြာလာသည်နှင့်အမျှ လူထု၏စားဝတ်နေရေးအကျပ်အတည်းအပေါ် သက်ရောက်မှုသည်လည်း ကြီးလာနိုင်သည်မှာလည်း အမှန်ပင်ဖြစ်နေသည်။
Video ကြည့်ရန်
Posted by U Soe Win Lashio on Sunday, October 11, 2020
Leave a Reply