ကလေးကိုးယောက်နဲ့ယောကျ်ားဖြစ်သူကိုထားခဲ့ပြီး အွန်လိုင်းမှာတွေ့တဲ့အမျိုးသားနောက်ကိုလိုက်သွားခဲ့တဲ့ အမျိုးသမီး

အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့ အသက် ၄၄နှစ်အရွယ် Heidi ဆိုတဲ့အမျိုးသမီးဟာအွန်လိုင်းမှာတွေ့ဆုံခဲ့တဲ့ အာဖရိကအမျိုးသားကြောင့် သူမရဲ့ကလေး ၉ယောက်နဲ့ယောကျ်ားဖြစ်သူကိုထားခဲ့ပြီးထွက်သွားခဲ့တယ်လို့သိရပါတယ်။


Heidi ဟာ ဖေ့ဘွတ်ခ်ကိုမတ်လတုန်းကစသုံးခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တည်းက တခြားယောကျ်ားလေးတွေနဲ့စကားအပြောအဆို ရှိခဲ့တာပဲဖြစ်ပါတယ်။အာဖရိကအမျိုးသားဖြစ်တဲ့Mamadou Jallow ကို သူမရဲ့အိမ်ထောင်ရေးက အဆင်မပြေတဲ့အကြောင်း၊ပြဿနာတွေအများကြီးရှိတယ် ဆိုတဲ့အကြောင်းတွေပြောခဲ့တယ်လို့သိရပါတယ်။


Heidi ရဲ့အမျိုးသားဖြစ်သူ Andy Hepworth က “သူမက ကလေးတွေအပေါ်မှာသိပ်ချစ်တတ်ပြီး ဂရုစိုက်တတ်တဲ့အမေကောင်းတစ်ယောက်ပါ။အခုလိုမျိုးဖြစ်သွားတာမယုံနိုင်စရာပါပဲ။သူမရဲ့ခန္ဓာကိုယ်ထဲမှာမကောင်းဆိုးဝါးဝင်နေတာဖြစ်မယ်။ပြီးတော့ Heidi ဟာ အာဖရိကအမျိုးသားနဲ့စပြီးစကားပြောတဲ့အချိန်တည်းက တက်တူးတွေအများကြီးထိုးလာခဲ့ပြီး တစ်ချိန်လုံးအပြင်ကိုပဲထွက်နေပါတယ်”လို့ပြောပြခဲ့ပါတယ်။
သူတို့နှစ်ယောက်ဟာ ၁၉၉၀ခုနှစ်တုန်းကတွေ့ဆုံခဲ့ပြီး အတူတူနေခဲ့ကြတာပါ။သူမမှာအရင်အမျိုးသားနဲ့ ကလေးသုံးယောက်လည်းရှိနေပေမဲ့သူတို့ဟာ လွန်ခဲ့တဲ့ ၅နှစ်က လက်ထပ်ခဲ့ကြပါတယ်။သူမမှာစုစုပေါင်းကလေး ၉ယောက်ရှိနေပြီး အခုသူမက ကလေးတွေကိုထားခဲ့ပြီး အာဖရိကအမျိုးသားဆီကိုထွက်သွားခဲ့တာပဲဖြစ်ပါတယ်။

Andy ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အားလုံးကပြီးသွားပါပြီ။သူကကွာရှင်းဖို့ကိုပဲလုပ်တော့မယ်လို့ ပြောခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*