ကလေးငယ်လေးကိုအမေဖြစ်သူကမြစ်ထဲကိုပစ်ချခဲ့ပေမဲ့ အသက်ကိုမငဲ့ပဲ မြစ်ထဲခုန်ချပြီးဆင်းကယ်ခဲ့တဲ့တက္ကစီဒရိုင်ဘာ

တရုတ်နိုင်ငံ၊Henan ပြည်နယ်မှာနေထိုင်တဲ့ တက္ကစီမောင်းသူတစ်ယောက်ဟာ မြစ်ထဲကိုကျသွားတဲ့ကလေးငယ်ကိုမြင်သွားခဲ့ပြီး သူ့ရဲ့အသက်ကိုမငဲ့ပဲမြစ်ထဲကိုခုန်ဆင်းပြီးကယ်တင်ခဲ့တယ်လို့သိရပါတယ်။


သူက တံတားကိုဖြတ်မောင်းနေတုန်းမှာ ကလေးရဲ့အမေဖြစ်သူက ကလေးလေးကိုမြစ်ထဲကိုပစ်ချခဲ့လို့လူတွေ ဝိုင်းအုံလာပြီးအော်ဟစ်အကူအညီတောင်းနေတာကိုမြင်တွေ့ခဲ့ရပါတယ်။လူတွေက ကလေးငယ်လေးကိုအာရုံစိုက်နေတုန်းကလေးရဲ့အမေကတော့ထွက်ပြေးသွားခဲ့ပါတယ်။

မြစ်ထဲကိုဘယ်သူကမှခုန်ဆင်းမယ့်ပုံမပေါ်တာကြောင့် တက္ကစီမောင်းသူကချက်ချင်းသူ့ရဲ့အသက်ကိုမငဲ့ပဲ ကလေးကိုကယ်ဖို့မြစ်ထဲကိုခုန်ချခဲ့ပါတယ်။ပြီးတော့ တံတားပေါ်ကလူတွေကကြိုးပစ်ချပေးခဲ့ပြီး ကလေးကိုဆွဲတင်ခဲ့ကြပါတယ်။ ဆေးရုံကားတွေကလည်းအသင့်စောင့်နေခဲ့ပြီး ကလေးအပေါ်ရောက်တာနဲ့ဆေးရုံကိုခေါ်သွားပြီးဆေးကုသခဲ့ပါတယ်။ ကံကောင်းစွာနဲ့ကလေးငယ်လေးက အသက်ရှင်သန်နိုင်ခဲ့တယ်လို့သိရပါတယ်။လူတွေအားလုံးကတက္ကစီမောင်းသူကို ချီးကျူးဂုဏ်ပြုစကားတွေများစွာပြောခဲ့ကြတယ်လို့လည်းသိရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*