အာရုံစိုက်မှုနဲ့ ပြစ်တင်ဝေဖန်မှုများစွာရရှိနေတဲ့ မွေးကင်းစကလေး လက်သည်းရှည်ပုံ

ကလေးအသားရေဟာ အလွန်နူးညံ့ပြီး ထိခိုက်လွယ်တဲ့အတွက် သူ့ရဲ့လက်သည်းတွေကြောင့် အလွယ်တကူထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် မိဘတွေက ကလေးတွေမတော်တဆ သူတို့လက်သည်းနဲ့ မျက်လုံးနဲ့အခြား အစိတ်ပိုင်းတွေကို မကုတ်ခြစ်မိလေအောင် လက်အိတ်လေးတွေ စွပ်ပေးထားကြတာဖြစ်ပါတယ်။

အခု လက်သည်းရှည်တွေနဲ့ ကလေးတစ်ယောက်ပုံကိုမြင်လိုက်ရတော့ အင်တာနက်သုံးစွဲသူတွေအားလုံး အံ့သြသင့်ခဲ့ရတယ်။ ထိုပုံကို အင်စတာဂရမ်အကောင့် Daily_earthpix မှာ ”Cute or not? ” ဆိုတဲ့ Caption နဲ့တင်ထားခဲ့တာဖြစ်ပါတယ်။

တစ်ချို့ကတော့ ထိုပုံထဲက ကလေးလက်က တကယ်မဖြစ်နိုင်ကြောင်း၊ တကယ်ရှည်နေရင်လည်း ညှပ်ပေးသင့်ကြောင်းနဲ့ Photoshop နဲ့လုပ်ထားတာဖြစ်နိုင်ကြောင်း အမျိုးမျိုးဝေဖန်ကြပါတယ်။ တကယ်သာအမှန်ဆိုရင် အုပ်ထိန်းသူအနေနဲ့ ကလေးရဲ့လုံခြုံမှုကိုတွေးပြီး ညှပ်ပေးသင့်ကြောင်း အင်တာနက်သုံးစွဲသူများက မကျေနပ်ပြောကြပါတယ်။

ဒီလိုလက်သည်းရှည်ကြီးတွေနဲ့လည်း ကလေးတစ်ယောက်ဟာ ဘယ်လိုမှမသင့်တော်ကြောင်း လူတိုင်းကပြောပါတယ်။ လက်သည်းရှည်နေတာ ဘယ်လိုမှချစ်ဖို့မကောင်းပါဘူး။ အန္တရာယ်ရှိပါတယ်။ ထိုကလေးပုံဟာ တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်မှုကို ရယူနိုင်ခဲ့ပေမယ့် ကလေးအတွက်စိုးရိမ်လို့ ပြစ်တင်ဝေဖန်ခြင်းသာ ခံခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*