အနံ့မရတဲ့သူတွေ နေရာမရှိလို့ဆိုပြီး စက်ရုံတွင်းမှာပဲ အခြားသူတွေနဲ့ နေနေရတာကို သိရဲ့လား

“အနံ့မရတဲ့သူတွေ နေရာမရှိလို့ဆိုပြီး စက်ရုံတွင်းမှာပဲ နေနေရတာကို သက်ဆိုင်ရာလူကြီးတွေရော သိပါရဲ့လား”

အင်တာဗျူး (ရန်ကုန်၊ အောက်တိုဘာ၊ ၁၂ ရက်)

ကိုဗစ် ဒုတိယလှိုင်းကာလမှာ စက်ရုံ၊ အလုပ်ရုံက ဝန်ထမ်းတွေကို လဲ ရောဂါကူးစက်မှုတွေရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အလယ်ပေါက် မှာရှိတဲ့ Asia Optical မှန်ဘီလူး စက်ရုံမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ လက်ရှိမှာ စက်ရုံကပေးတဲ့ အဆောင်မှာနေထိုင်နေစဉ် ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အခုလို ဆက်သွယ်ပြောပြလာပါတယ်။

အဆိုပါ စက်ရုံမှာ အနံ့မရတဲ့ လူနာတွေ ရှိလာနေပြီး အပြင်ထွက်ခွင့်မရတာကြောင့် အခက်အခဲကြုံနေရပြီး စက်ရုံတွင်းက အနံ့မရတဲ့ အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာရဲ့ အကူအညီတွေလိုအပ်နေတယ်ဆိုတဲ့ အကြောင်း ကို ယင်းစက်ရုံက အလုပ်သမား တစ်ဦး က MyanmarLabourNews ကို အခုလိုပြောပြထားပါတယ်။

မေး ။ ။ လက်ရှိမှာ အလုပ်ဆင်းနေရလား။

ဖြေ။ ။ အလုပ်ကတော့ မဆင်းရပါဘူး၊ သူတို့ပေးတဲ့အဆောင်မှာပဲ နားနေရတယ်၊ အိမ်လဲမပြန်ရပါဘူး။
မေး ။ ။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ရော ဘာတွေစီစဉ်ပေးလဲ။

ဖြေ ။ ။ တကူးတကလုပ်ပေးတာဘာမှတော့ မရှိပါဘူး၊ အနံ့မရဘူးလို့ပြောတော့ စက်ရုံကဆရာမဆီကို ဘေးကအစ်မနှစ်ယောက်က ခေါ်သွားပေးတယ်၊ ဆရာမကလဲနေရာမရှိသေးဘူး ၊ ကိုယ့်နေရာမှာပဲ ကိုယ်နေဆိုပြီးထားထားပါတယ်၊ ဆေးကလဲ လွန်ခဲ့တဲ့ ၅ ရက်လောက်ထဲက Vitamin C ၅လုံးနဲ့ ပါရာစီတမော ၂ လုံးပေးပြီးဘာမှထပ်မလုပ်ပေးပါဘူး။

မေး ။ ။ အတည်ပြုလူနာကရော စက်ရုံတွင်းဘယ်နှယောက်လောက် ရှိနေပြီလဲ။
ဖြေ ။ ။ အတည်ပြုလူနာက center တွေကိုပို့လိုက်တာပဲ ၈၀ ကျော်ပါပြီ၊ စက်ရုံထဲမှာတော့ အတည်ပြုလူနာတွေလား ဘာလားမစစ်ဆေးရသေးတာကအများကြီးပါ။ အနံ့မရတဲ့လူတွေရောပဲ။

မေး ။ ။ အနံမရတဲ့လူတွေဆိုတော့ အဲ့ဒီလူတွေကရော ဘယ်နှယောက်လောက်ရှိလဲ။ဖြေ ။ ။ အနံ့မရတဲ့လူကပဲ ၁၀၀ ကျော်လောက်ရှိနေတယ်၊ ဘယ်မှလဲမပို့သေးဘူး၊ နေရာကလဲမရှိလို့ အကုန်ရောနေတာပါပဲ။
မေး ။ ။ စက်ရုံတွင်းမှာရော အလုပ်သမားကဘယ်နှယောက်လောက်ရှိလဲ။

ဖြေ ။ ။ စက်ရုံတွင်းမှာ ခုလက်ရှိပိတ်ထားတဲ့ လူကပဲ ၃၀၀၀ ကျော်ပါတယ်။
မေး ။ ။ ခုလက်ရှိ ဘယ်လိုအခက်အခဲတွေရှိနေလဲ။

ဖြေ ။ ။ အခက်အခဲကတော့ အများကြီးပါပဲ၊ ကြောက်လဲကြောက်တယ်၊ ကိုယ့်မိဘတွေဆီမှာမဟုတ်ပဲ အဆောင်မှာပဲနေနေရတော့၊ ရေချိုးရင်လဲ ကောင်းတဲ့လူရော အနံ့မရတဲ့လူရော တစ်နေရာထဲပဲ၊ အိမ်သာဆိုလဲအတူတူပဲ၊ အရင်လိုဟင်းလဲချက်ခွင့်မပေးတော့ဘူး၊ သူတို့ချက်ကျွေးတာကို စားဖိုဆောင်မှာ သွားစားရတာ၊ ချက်ကျွေးတာတွေကလဲအဆင်မပြေ၊ ကျွေးတော့လဲ ညနေပိုင်းဆို ၄ နာရီကနေ ၅ နာရီခွဲအတွင်းပဲကျွေးတာ ၊ တစ်ယောက် ၆ ပေမပြောနဲ့ ၁ ပေတောင်မကွာဘူး၊ ကိုယ်စားရဖို့အရေး အလုအယက်စားရတော့၊ တော်တော်တော့ခက်ခဲပါတယ်။မေး ။ ဘာတွေထပ်ဖြည့်စွက်ပြောချင်သေးလဲရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့၊ အဓိကပြောချင်တာကတော့ ညီမတို့အနံ့မရတဲ့လူတွေက စက်ရုံရှိတဲ့ မြို့နယ်ရဲ့ Q Center ကိုလဲ ပို့လို့ရတာလား။ နေရာမရှိလို့ဆိုပြီး စက်ရုံတွင်းမှာပဲ နေနေရတာကို သက်ဆိုင်ရာလူကြီးတွေရောသိရဲ့လား၊ Q Center ကို နေရာမလောက်လို့ဆိုပြီး မပို့တာ ကျန်တဲ့မြို့နယ်ရဲ့ ဋ္ဌာနတွေမှာရော Q ဝင်ပြီး ဆေးစစ် ဆေးကုလို့မရဘူးလားဆိုတာ သိချင်ပါတယ်ရှင့်။

ဟုတ်ကဲ့ ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

MoeMyat (MyanmarLabourNews

Be the first to comment

Leave a Reply

Your email address will not be published.


*