နှောက်ယှက်သူတွေကြောင့် ဘာမှမလုပ်ချင်လောက်အောင်ထိ စိတ်ဓာတ်ကျမိတဲ့အကြောင်းရင်ဖွင့်လာတဲ့ ထက်ထက်မိုးဦး


ပရိသတ်ကြီးရေ တစ်ခတ်တခါက ကြော်ငြာမင်းသမီးလေးလို့တင်စားရလောက်အောင်ကို နာမည်ကျော်ခဲ့တဲ့ မင်းသမီးထက်ထက်မိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာသရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူဖြစ်တာကြောင့် ပန်းသခင်ရုပ်ရှင်ကားကြီးဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုတစ်ကြိမ်၊ သမီးမိုက်ရုပ်ရှင်ကားကြီးဖြင့်လည်း နောက်ထပ်အမျိုးသမီးဇာတ်ဆောင်ဆုကြီးကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။

ထက်ထက်မိုးဦးဟာလည်း အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး ငယ်ရုပ်လေးမပျောက်သေးပဲချစ်စရာကောင်းနေတာပါ။ ထက်ထက်မိုးဦးဟာ ယခုအခါမှာအနုပညာလုပ်ကိုင်မှုနည်းသွားခဲ့ပေမယ့် Liveလွှင့်ပြီးဈေးရောင်းနေတာလည်းဖြစ်ပါတယ်နော်။ သူမရဲ့ ချစ်စရာအမူအရာအပြောအဆိုလေးတွေကြောင့် ပရိသတ်တွေက သူမကို အချစ်တွေပိုပြီးရင်းပိုနေကြတာလည်း တွေ့ရပါတယ်။

ထက်ထက်မိုးဦးဟာ Liveလွှင့်ပြီးဈေးရောင်းချကာ ပရိသတ်တွေရဲ့အားပေး၀န်းရံမှုကိုရရှိနေပေမယ့် မကြာသေးမီကတော့ သူမရဲ့ Facebookစာမျက်နှာမှာ အဆင်မပြေမှုလေးကိုရေးလာပါတယ်။ အာ့တာကတော့ “ဘာမှမလုပ်တော့လည်း အလုပ်မရှိဘူး ဆိုပြီးနှိမ်ကြတယ်။အလုပ်တွေ လုပ်ပြန်တော့လည်း စိတ်ဓာတ်ကျအောင်နှောက်ယှက်ကြတယ်။ ဘာမှကိုမလုပ်ချင်လောက်အောင်ထိ စိတ်ဓာတ်ကျမိတယ်” ဆိုပြီးရေးသားထားတာပါ။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Be the first to comment

Leave a Reply

Your email address will not be published.


*