ဆင်းရဲ လို့ ဆိုပြီး ရည်းစားေ ဟာင်းရဲ့ မိသားစုတွေ က အရှက် ခွဲ ခဲ့တာ ကို 5 နှစ် အကြာ မှာ ပြန်လက်စားချေ ခဲ့ တဲ့ မိန်းကလေး

မလေး ရှားနိုင်ငံက RomizaRoman အမည် နဲ့ Twitter အသုံးပြုသူ တစ်ဦးဟာ သူမရဲ့ ဘဝအကြောင်းအဖြစ်အပျက်အားလုံးကို သူမအောင်မြင်မှုရရှိခဲ့ပြီးနောက်မှာတော့ Twitter ပေါ်မှာ အရာအားလုံးပြန်လည်ဝေမျှခဲ့ပါတယ် ။ Romiza ဟာ သူမရဲ့ချစ်သူကောင်လေးနဲ့ အထက်တန်းကတည်းက တွဲခုတ်ခဲ့တာပါ ။ အစပိုင်း မှာတော့ သူမတို့နှစ်ယောက်လုံး အဆင်ပြေနေခဲ့ပြီး အထက်တန်းကျောင်းပြီးသွားချိန်မှာတော့ သူမတို့ဆက်လက်သင်ကြားတဲ့ ပညာချင်းမတူညီတော့လို့ အနည်းငယ်အနေဝေးသွားခဲ့ပါတယ် ။ သို့ပေမဲ့လည်း ချစ်သူကောင်လေးက တခြားကောင်မလေးနဲ့ ဖောက်ပြန်နေ ခဲ့တာကို သူမ
သိပေမဲ့လည်း အဆိုပါကောင်မလေးက လက်ထပ်ရမဲ့သူ သီးသန့်ရှိနေခဲ့တဲ့အတွက် သူမခွင့်လွှတ်ပေးခဲ့ပါတယ် ။

သူမတို့ ဆက်လက်တွဲခုတ်ခဲ့ကြပြီး တစ်ရက်မှာတော့ ကောင်လေး ရဲ့ မိသားစုနဲ့တွေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ကောင်လေးရဲ့ မိခင်က သူမနဲ့အဆင်ပြေပြေရှိနေခဲ့ပေမဲ့လည်း ၊ ကောင်လေးရဲ့အစ်မဖြစ်သူကတော့ သူမကို ” နင့်ရဲ့မိသားစုက ဆင်းရဲတယ် ၊ နင်ငါတို့နဲ့ အဆင့်ချင်မတူဘူး ” ဆိုပြီး သူမအားပြောဆိုခဲ့ပါတယ် ။ သူမကတော့ ” ဟုတ်တယ် ကျွန်မက လမ်းဘေးပျံကျဈေးသည်ရဲ့သမီး ၊ ကျွန်မရဲ့ မိဘတွေက ဆင်းရဲတယ် ” ဆိုပြီးတော့သာ ပြန်လည်ပြောဆိုခဲ့ပါတယ် ။ ချစ်သူကောင်လေးရဲ့ မိသားစုက သူမကိုဘယ်လိုပဲပြောဆိုဆက်ဆံနေပါစေ သူမကတော့ ချစ်သူကို လက်တွဲ မဖြုတ်ခဲ့ပါဘူး ။ တစ်ရက်မှာတော့သူမက ” ငါဘွဲ့ရရင်..အလုပ်ကြိုးစားပြီး Volkswagen ကားဝယ်စီးမယ် ” ဆိုပြီး ချစ်သူကောင်လေးကိုပြောဆိုခဲ့ပါတယ် ။.သို့ပေမဲ့လည်း ကောင်လေးရဲ့တုံ့ပြန်ချက်ကတော့ ” hahaha..အဲ့ကားက ဈေးကြီးတယ်..နင့်မိသားစုက ဆင်းရဲတာကို နင် Myvi ကားလောက်ပဲ စီးနိုင်မှာပါ ” ဆိုပြီး သူမကိုနှိမ့်ချစွာ ပြောဆိုခဲ့ပါတယ် ။

တစ်ရက်မှာတော့ ချစ်သူကောင်လေးဟာ သူမနားက မဖြစ်မနေငွေတောင်းချေး ခဲ့တဲ့အတွက် သူမဟာ မရှိတဲ့ကြားက သူငယ်ချင်းတွေစီးကနေ ချေးငှါးပြီးတောင်းခဲ့ရပါတယ် ။ သို့ပေမဲ့လည်း အဆိုပါငွေတွေနဲ့ချစ်သူကောင်လေးဟာ တခြားမိန်းကလေးတစ်ယောက်နဲ့ အပျော် ခရီးထွက် သွားခဲ့ပြီး ၊ သူမဟာ ဘူတာမှာလာကြိုဖို့ပြောခဲ့ချိန် မှာတော့ ကောင်လေးဟာ Port Dickson ကမ်းခြေရောက်နေလို့ လာမကြိုနိုင်ကြောင်းပြောဆိုခဲ့ပါတယ် ။ ထို့ကြောင့် သူမဟာ ချစ်သူနဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပြီး အစပိုင်းမှာတော့ ချစ်သူရဲ့မိခင်က လမ်းမခွဲဖို့သူမကို တောင်းဆိုခဲ့ ပေမဲ့လည်း နောက်ဆုံးတော့ ” ငါ့ရဲ့အနာဂတ် ချွေးမကို အစိုးရဝန်းထမ်းလုပ်တဲ့သူပဲ လိုချင်တယ် ” ဆိုပြီးပြောဆိုခဲ့တဲ့အပြင် ၊ ချစ်သူရဲ့အစ်မကလည်း ” ဘယ်သူကနင့်ကို ဂရုစိုက်မှာလဲ ၊ နင်က သုံးလို့မှမရတာ ” ဆိုပြီးပြောဆိုဆက်ဆံခဲ့ပါတယ် ။

နောက်ပိုင်းသူမဟာ မခံချင်စိတ် နဲ့ နောက်ပြန် မလှည့်တမ်း 5နှစ်ဆက် တိုက် အလုပ် ကြိုးစားခဲ့ပြီး ချိန်မှာတော့ အိမ်တစ်လုံးဝယ်နိုင်ခဲ့တဲ့အပြင် ၊ ကားကိုလည်း Volkswagens မဝယ်စီးနိုင်ပါဘူး ဆိုပြီးပြောခဲ့တဲ့ ချစ်သူဟောင်းကိုတုံ့ပြန်တဲ့အနေနဲ့ Mercedes ClA AMG. ကားကိုသာ ဝယ်စီး ခဲ့ပါတယ် ။ ထို့အပြင် သူမဟာ သိန်း 50 ကျော် ပေးကိုင်ရတဲ့ အိတ်မျိုး နဲ့ အတူ ဓာတ်ပုံရိုက်ပြီး ဆင်းရဲ့လွန်း လို့နိမ်ခဲ့တဲ့ ချစ်သူဟောင်းရဲ့ မိသားစုတွေကိုပြန်ပြီးလုပ် တုံ့ပြန်ခဲ့ပါတယ် ။ သူမဟာ ယခုအချိန်မှာတော့ အတော်လေးကိုအောင်မြင်နေတဲ့ ငွေရေးကြေးရေး အကြံပေးတစ်ယောက်အနေ လုပ်ကိုင်နေလျက် ရှိကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*