
မိန်းမကောင်းတို့ရဲ့ အရည်အချင်းနဲ့ လက္ခဏာ(၅)မျိုး…
လောကကြီးမှာ မိန်းမ တွေ ပေါများပေမယ့် မိန်းမ ကောင်းတွေက တော့ရှားပါးလွန်းပါတယ်။ ပြီးတော့ ဘယ်လိုအချက်မျိုးတွေပိုင်ဆိုင်ထားတဲ့ မိန်းကလေးမျိုးကို မိန်းမကောင်းလို့ ခေါ်ကြပါသလဲ …? မိန်းမ ကောင်းလေးတွေသာ ပိုင်ဆိုင်ထားတဲ့ အချက်လေးတွေကိုတော့ အခုပဲ ဖတ်ကြည့်လိုက်ပါတော့နော် …။
(၁) ၾကင္နာတတ္တယ္”
မိန်းမ ကောင်းလေးတွေဟာ ကြင်နာသနားတတ်တဲ့နှလုံးသားရှိပြီး ရိုင်းစိုင်းကြမ်းတမ်းတဲ့ အပြုအမူ အပြောအဆိုတွေ မလုပ်တတ်ကြပါဘူး …။
(၂) စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတယ်”
အဆင်ခြင်မဲ့လုပ်ရပ်မျိုး၊ ကိုယ့်ကိုယ်ကိုတန်ဖိုးမဲ့စေတဲ့လုပ်ရပ်မျိုးတွေမလုပ်တတ်ဘဲ စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့သူ၊ အကောင်းအဆိုး ကောင်းကောင်းခွဲခြားတတ်တဲ့သူပဲ ဖြစ်ပါတယ် …။
(၃) ကိုယ့်အားကိုယ်ကိုးတတ်တယ်”
ကိုယ်လိုချင်တာရဖို့ ကိုယ့်အားကိုယ်ကိုးတတ်ပြီး၊ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်တဲ့ မိန်းက လေးမျိုးနဲ့တွေ့ရင် မိန်းမ ကောင်းပီသတဲ့သူလို့ ရဲရဲကြီးသာ ပြောလိုက်ပါ …။
(၄) ရည်မှန်းချက်ရှိတယ်”
ဘယ်လောက်ပဲခက်ခဲတဲ့ဘဝမျိုးဖြစ်နေပါစေ၊ စိတ်ဓာတ်မကျဘဲ ကြိုးစားတယ်၊ တစ်နေ့မှာ ဖြစ်ကိုဖြစ်ရမယ်လို့ရည်မှန်းထားတဲ့ရည်မှန်းချက်တချို့ရှိတယ်၊ ကိုယ့်ရဲ့ခံယူချက်နဲ့ပတ်သက်ပြီးမယိမ်းသွားတတ်ဘူး၊ ဒီလိုမိန်းက လေးမျိုးကို မိန်းမ ကောင်းလေးလို့ မပြောရင် ဘယ်သူ့ကိုသွားပြောမလဲ …?
(၅) သစၥာရွိတယ္”
ကိုယ့်သူငယ်ချင်းကို နောက်ကျောဓားနဲ့မထိုးဘူး၊ ကိုယ့်ချစ်သူကိုသစ္စာမ ဖောက်ဘူး၊ ကိုယ်နဲ့ပတ်သက်တဲ့သူတွေအ ပေါ်သစ္စရှိတယ် ဆိုရင် မိန်းမ ကောင်းတစ်ယောက်လို့ သတ်မှတ်လို့ရပါပြီနော် …။ ။
Leave a Reply