တိရစ ္ဆာန်တွေကို ရုပ်ကြွင်းအဖြစ် ပြောင်းလဲပစ်လိုက်တဲ့ အာဖရိကန်ရေကန်ကြီး

တိရစ ္ဆာန်တွေကို ရုပ်ကြွင်းအဖြစ် ပြောင်းလဲပစ်လိုက်တဲ့ အာဖရိကန်ရေကန်ကြီး

အာဖရိက အရှေ့ပိုင်းမှာရှိတဲ့ Tanzania လို့ခေါ်တဲ့ နိုင်ငံမှာ Lake Natron လို့အမည်ရတဲ့ ရေကန်ကြီးတစ်ခုရှိပြီး တိရစ ္ဆာန်တွေဟာ အဲ့ဒီကန်ကြီးထဲရောက်ရင် သေကြေပျက်စီးသွားရပါတယ်။ ဒီအကြောင်းကိုတော့ Nick Brandt ရဲ့ အမိအရ ဓါတ်ပုံရိုက်ချက်တွေနဲ့အတူ တင်ပြပေးပါဦးမယ်။

Lake Natron ဆိုတဲ့ ရေကန်ကြီးဟာ Tanzania နိုင်ငံ မြောက်ဘက်ပိုင်းမှာတည်ရှိပြီး အလွန်အန္တရာယ်များပြီး ကြမ်းတမ်းခက်ထန်တဲ့ ကန်ကြီးအဖြစ် ထင်ရှားပါတယ်။ ဒီကန်ကို ရှောင်ရှားသင့်တယ်လို့လည်း သိထားကြပါတယ်။ ဒီရေတိမ်ကန်ဟာ အပူချိန် ၁၂၀ ဒီဂရီဖာရင်ဟိုက် အထိ ရောက်ရှိနိုင်ပြီး အလွန်ငန်တဲ့ ရေတွေက တိရစ ္ဆာန်များစုကို အဆိပ်သင့်စေနိုင်ပါတယ်။

ဒီကန်ဟာ အဆိပ်သင့်စေနိုင်တယ်လို့ အခိုင်အမာ သိထားပေမယ့်လည်း ဆားမြေပြင်လို ကျွန်းမျိုး ပေါ်ပေါက်လာတဲ့အခါမှာ ကြိုးကြာနီ အငယ်စားတွေ အတွက်တော့ ကနဦးပေါက်ဖွားရာ မြေပြင်တစ်ခုဖြစ်ပါတယ်။


ဒီကန်မှာ natron ဆိုတဲ့ သဘာဝဓါတ်ပေါင်းတစ်မျိုး တည်ရှိနေတဲ့အတွက် ဒီကန်ကို Natron လို့ အမည်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒီဓါတ်ပေါင်းဟာ သဘာဝအလျောက် ဖြစ်တည်နေတဲ့ ဆိုဒီယမ် ကာဘွန်နိတ်ကြောင့် ဖြစ်လာတာဖြစ်ပြီး ဆိုဒီယမ်ကာဗွန်နိတ်ကတော့ မီးတောင်တွေက ကြွှင်းကျန်ရစ်တဲ့ ပြာနဲ့ ချော်မှုန့်တွေကနေ တဆင့် ဖြစ်လာတာပါ။ဒီရေထဲမှာ သေကုန်ကြတဲ့ တိရိစ ္ဆာန်တွေဟာ ထုံးဓါတ်လွန်ကဲနေတာကြောင့် တာရှည်ထိန်းသိမ်း ထားသလိုဖြစ်ပြီး နောက်ဆုံးမှာ ရုပ်ထုတစ်ခုလိုမျိုး ဖြစ်သွားတာ တွေ့ရပါတယ်။

ဓါတ်ပုံဆရာ Nick Brandt ဟာ အဲဒီရေကန်စပ် တစ်လျှောက်မှာ ငှက်တွေ ၊ လင်းနို့တွေနဲ့ အခြားတိရိစ ္ဆာန်တွေကို ရုပ်ကြွင်းအဖြစ်နဲ့ တွေ့ရပါတယ်။ သူ့အပြောအရ “သူတို့ကို မကူညီနိုင်ပေမယ့် ဓါတ်ပုံတော့ ရိုက်ခဲ့ပါတယ်” တဲ့။

“သူတို့ဘယ်လိုသေတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမယ့် ကန်ရေမျက်နှာပြင်ရဲ့ သဘာဝဟာ သူတို့ကို စိတ်ရှုပ်ထွေးသွားစေပြီးတော့ ကန်ထဲကို ပြုတ်ကျသွားနိုင်တယ်လို့ အလွန်အမင်း စဉ်းစားကြည့်ရင်တော့ ပေါ်လွင်လာနိုင်တယ်။” လို့ ဆိုပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*